16

1.1K 166 44
                                        

The Throne(ရာဇာပုလ္လင်)
အပိုင်း-၁၆

မနေ့က ဝမ်အွန်း ဓားပြတွေဆီမှာ ကျန်နေခဲ့သော အချိန်ဖြစ်သည်။

ဓားပြတွေက ဝမ်အွန်း ကိုကြိုးတုပ်ပြီးတဲ့နောက် မြင်းကိုဒီအတိုင်းထားပြီး လမ်းလျှောက်ခေါ်သွားမယ်ထင်ပေမဲ့ သူတို့က မြင်းကိုသတ်လိုက်ပြီး ဝမ်အွန်း မေ့ကြောကို ရိုက်ချလိုက်သည်။

သတိလစ်သွားသော ဝမ်အွန်း နိုးလာချိန်မှာတော့ သူ့ခြေထောက်မှာ သံကြိုးကို ချည်ထားပြီး လက်နှစ်ဖက်ကိုလည်း ပူးပြီးချည်ထားတာကို တွေ့လိုက်သည်။သူ့ကိုတော့ ထိုင်ခုံမှာ ထိုင်ခိုင်းထားပြီး ခန္ဓာကိုယ်နှင့်တွဲကာ ချည်ထားသည်။

ဝမ်အွန်း နိုးလာတော့ ဇက်ပိုးက နာနေသည်။သူရောက်နေသော နေရာသည် အိမ်အကြီးကြီးတစ်ခု၏ အပေါ်ထပ်ဖြစ်တာကြောင့် တံခါးပေါက်ကနေ အားလုံးကို လှမ်းမြင်နေရသည်။

နောက်ပြီး သူ ဒီနေရာကိုရောက်ဖူးသည်။

'ကျားနက် ဓားပြစခန်း'

ဝမ်အွန်း ရေရွတ်လိုက်ချိန်မှာပဲ ဓားပြအဖွဲ့ကခေါင်းဆောင်နှင့်တခြားသူတချို့ ဝမ်အွန်း ရှိရာအပေါ်ထပ်သို့ တက်လာကြသည်။

'နိုးနေပြီလား ကြင်ယာတော် ဝမ်အွန်း'

ခေါင်းဆောင်ဖြစ်ဟန်တူသည့် လူက ဦးစွာနှုတ်ဆက်လိုက်သော်လည်း ဝမ်အွန်း ကတော့ မျက်မှောင်ကြုံ့ပြီးသာ ကြည့်နေသည်။

သူသိသည့် အဖွဲ့ခေါင်းဆောင်သည် အခုလူမဟုတ်ပေ။

'ဘယ်သူလဲ'

'ကျွန်တော်က ခေါင်းဆောင်အသစ် ဂင်ယုံရှစ် ပါ'

ရိုရိုသေသေပြောနေသော်လည်း ရွဲ့ပြောနေမှန်းသိသာသည်။

ဒါပေမဲ့ ဝမ်အွန်း ကတော့ အဲ့ဒါကို ဂရုစိုက်မအားဘဲ ခေါင်းဆောင်ပြောင်းသွားရခြင်း အကြောင်းကိုသာ တွေးနေသည်။

'ဂင်ယုံရှစ်? ဂင်ယောင်ရှင်း ရဲ့ ညီ?'

'ဟုတ်တယ်'

'ဂင်ယောင်ရှင်း ကကော ဘယ်ရောက်သွားလို့လဲ'

ဝမ်အွန်း ရဲ့ မေးခွန်ကိုကြားတော့ ဂင်ယုံရှစ် ရယ်သည်။လှောင်ရီ ရီနေသောကြောင့် နားဝင်ဆိုးလှသော်လည်း ဝမ်အွန်း သိချင်သည်။ကျားနက်အဖွဲ့ရဲ့ အရင်ခေါင်းဆောင် ဂင်ယောင်ရှင်း က သူ့အပေါ်ဘယ်လောက်တောင် သစ္စာရှိလိုက်သလဲ။သူ့မှာ ဓားပြအဖွဲ့တွေနဲ့ပက်သက်ပြီး လုပ်စရာတွေရှိနေသေးသည်။

The Throne Donde viven las historias. Descúbrelo ahora