The Throne
အပိုင်း-၄ဝမ်အွန်း ဥယျာဉ်ထဲက ရေကန်အလယ်တွင်ဆောက်ထားသော ဇရပ်လေးတွင် ထိုင်နေရင်း ငါးတွေကို အစားကျွေးနေသည်။
ရွှေရောင်နှင့် အနီရောင်စပ်ထားသော ငါးလေးများမှာ ဗိုက်တွေဖောက်ကားနေသော်လည်း ဝမ်အွန်း ချကျွေးသည့် အစာတွေကို အားရပါးရစားနေကြသည်။
'မနေ့ကကိစ္စ အဆင်ပြေလား'
'ပြေပါတယ် ကြင်ယာတော်မင်းသား'
ဝမ်အွန်း ခေါင်းလေးဆောင်းပြီး ရှန့်ကုန်းကိုကြည့်လိုက်သည်။
'ဘယ်လိုလုပ်ခဲ့လဲ'
'ကြင်ယာတော်ပြောသလိုပဲ အနီရောင်စာရွက်တွေကို နံရံတွေမှာ လိုက်ကပ်ခဲ့ပါတယ်'
ရှန့်ကုန်းစကားဆုံးတော့ ဝမ်အွန်း ငါးလေးတွေဆီ အကြည့်ပြန်လွဲှလိုက်ပြီး အပြုံးသေးသေးလေးဖြစ်သွားသည်။
ဝမ်အွန်း မျက်လုံးရဲ့ စူးရှသောအကြည့်ကြောင့် ထင်သည် ငါးလေးတွေမှာ ဆက်မစားတော့ဘဲ ရေအောက်ထဲ ပြေးဆင်းသွားကြသည်။
'အဲ့ဒါက ဘာအဓိပ္ပါယ်လိုထင်လဲ'
'ကျွန်တော်မျိုးမ အဲ့လောက်အထိ ဉာဏ်မကောင်းပါဘူး ကြင်ယာတော်'
ဝမ်အွန်း အလယ်တွင်ချထားသော စားပွဲခုံနားတွင် ဝင်ထိုင်ကာ ရေနွေးအိုးထဲမှ ရေနွေးကို ငှဲ့ထည့်လိုက်သည်။
အရာအားလုံးသည် အေးဆေးစွာပင် ဖြစ်ပေါ်နေသည်။
'ရိုးရိုးလေးပါ။အနီရောင်ဆိုရင် ဆန်ကျင်တာ။အဖြူရောင်ဆိုရင် အညံ့ခံတာ'
ဝမ်အွန်း ရေနွေးကြမ်းကို မော့သောက်လိုက်သည်။
'ဒါပေမဲ့ ဒီကိစ္စက အဲ့လောက်တော့ ဘယ်ရိုးရှင်းပါ့မလဲ'
ဝမ်အွန်း ထိုသို့သာပြောပြီး သူ့အဆောင်သို့ပြန်သွားသည်။
ဝမ်အွန်း ရဲ့ အေးဆေးနေမှုကို ဝမ်ယောလ် အဝေးကနေလှမ်းကြည့်နေသည်။သူနဲ့အတူ sehun တစ်ယောက်သာ ဘေးနားတွင် ရပ်နေသည်။
'ကြင်ယာတော်မင်းသားကို ကြည့်ရတာ အေးဆေးနေသလိုပဲ။တစ်ကယ်ဆိုရင် သူ တစ်ခုခုကိုကြံနေရမှာမဟုတ်ဘူးလား'