18(uni)

836 101 4
                                    

The Throne (ရာဇပုလ္လင်)
အပိုင်း-၁၈

လွန်ခဲ့သော ၂၃ နှစ် တွင် ဝမ်မင်းကြီး ဝမ်ဆော ရဲ့ ကုတင်ဘေးတွင် ထိုင်နေကာ နန်းတွင်းသမားတော်ကြီးရဲ့အဖြေစကားကို နားထောင်နေသည်။

'ဂုဏ်ယူပါတယ်မင်းကြီး မိဖုရားခေါင်ကြီးမှ ပထမဆုံး ရင်သွေးလေးရှိနေပါပြီ'

'ဒါတစ်ကယ်ပဲလား'

ဝမ်မင်းကြီး၏ ဝမ်းသာမှုသည် ဖုံးကွယ်မရအောင် ရှိနေသည်။

ဒါသည် ဝမ်ဆော တွင် ပထမဆုံးကိုယ်ဝန်ရှိခြင်းဖြစ်သည်။တခြားသော မိဖုရားများမှ ကလေးတွေမွေးထားသော်လည်း သူ့ရဲ့ ထီးနန်းဆက်ခံမည့် မိဖုရားခေါင်ကြီှးမှ မွေးသော တော်ဝင်သွေးသား တစ်ယောက်လိုအပ်သည်။ယောကျာ်လေးဆိုရင်လည်း အိမ်ရှေ့စံဖြစ်နိုင်ပြီး မိန်းကလေးဆိုခဲ့လျှင်တောင် သူသမီးမိန်းကလေး သိပ်လိုချင်ပါ၏။

သူ့တွင် ကလေး ရှစ်ယောက်ရှိပြီး ရှစ်ယောက်စလုံးက ယောကျာ်းလေးတွေချည်းပဲဖြစ်သည်။ဒါကြောင့် သမီးလေးတစ်ယောက် လိုချင်သော်လည်း ထီးနန်းအမွေအတွက် သားယောကျာ်းလေးဖြစ်ရမည်။

'အမွှာလေးသာဆိုရင် သိပ်ကောင်းမှာ'

'မင်းကြီးက သားလေးကော သမီးလေးကော လိုချင်တာလား'

'ဟုတ်တယ်။ဒါပေမဲ့လည်း ရပါတယ်။ဘာလေးပဲဖြစ်ဖြစ် ချစ်မှာပါ။မိဖုရားနဲ့ ကိုယ့်ရဲ့ ကလေးလေးလေ'

မိဖုရားခေါင်ကြီးတွင် ကိုယ်ဝန်ရှိပြီဆိုသည့်သတင်းသည် တိုင်းပြည်တစ်ခွင်ပြန့်နှံ့သွားသည်။

အိမ်ရှေ့စံနေရာကို ရဖို့အတွက် သူ့ထက်ငါ အလုအယက်ကြိုးစားနေသော အနောက်ဆောင်မိဖုရားတို့၏ မျှော်လင့်ချက်သည် မှေးမှိန်ခါနီး ဖြစ်သွားသည်။သို့သော် ပျောက်ကွယ်သွားသည်အထိတော့မဟုတ်ပေ။

မင်းကြီးက နတ်ဆရာမကြီးကို ခေါ်၍ ကလေးအကြောင်းမေးသည်။

'မိန်းကလေးပါ မင်းကြီး။အဆင်ကော အချင်းပါပြည့်စုံမဲ့ မင်းသမီးတစ်ပါးပါ'

'တစ်ကယ်ပဲ မိန်းကလေးလား'

ဝမ်ဆော ၏ အသံသည် တိုးသွားသည်။အားလျော့သွားဟန် မျက်နှာလေး ညှိုးသွားသည်။

The Throne Where stories live. Discover now