22(uni)

985 118 10
                                        

The Throne(ရာဇပုလ္လင်)
အပိုင်း-၂၂

ဂျွန်မြောင် ဆေးခွက်လေးယူလာပြီး ရှီရွှန်း နန်းဆောင်ထဲဝင်သွားသည်။

'သမားတော် ကင် အခစားဝင်ပါတယ် ကြင်ယာတော်'

'ဝင်ခိုင်းလိုက်'

'ဟုတ်ကဲ့ ကြင်ယာတော်'

ဂျွန်မြောင် ဝင်လာတော့ ရှီရွှန်း ကအပြုံးလေးနဲ့ကြိုသည်။

'ကိစ္စရှိလို့လား'

'ကြင်ယာတော်အတွက် ဆေးလာပို့တာပါ'

'ဆေး?မမှာထားဘူးနဲ့တူတယ်'

'မဟုတ်ပါဘူး ကြင်ယာတော်။ဒါက ရာသီဥတုအပြောင်းအလဲအတွက် လုပ်ထားတဲ့ဆေးပါ'

'ဟုတ်လား'

'ဟုတ်ပါတယ်။မင်းကြီးနဲ့ မင်းမယ်တော်တို့ပါ သောက်ပါတယ်'

'ကျွန်တော်ယုံပါတယ်'

ရှီရွှန်း ဆေးခွက်ကိုယူပြီး သောက်လိုက်သည်။

ဂျွန်မြောင် စိတ်မကောင်းစွာကြည့်နေသည်။

'ဆေးကခါးလိုက်တာ'

'သကြားလုံးပါ'

ဂျွန်မြောင် သကြားလုံးလေးပေးလိုက်တော့ ရှီရွှန်း ပြုံးကာ လှမ်းယူလိုက်သည်။

'နောက်နေ့တွေလည်း လာပု့ိပါ့မယ် ကြင်ယာတော်'

'ကောင်းပြီ'

ဂျွန်မြောင် ထွက်သွားတော့ မှ ရှီရွှန်း သူလုပ်စရာရှိသည်များကို ဆက်လုပ်နေသည်။

ဂျွန်မြောင် ရှီရွှန်း ဆီကနေထွက်လာပြီး နန်းဆောင်အကွယ်ရောက်တော့

'ကြင်ယာတော်ရှီရွှန်း သောက်ပြီးပါပြီ။နောက်နေ့တွေလည်းဆက်တိုက်ပါ့မယ်'

'ကောင်းသားပဲ'

'ဟို.ရှင်းလေး'

'ရှီရွှန်း ကိုယ်ဝန်ရတဲ့နေ့ကျရင် ရှင်းလေး ကိုပြန်ပို့ပေးလိုက်မယ်'

'မင်းသား'

ဝမ်အွန်း ဂရုမစိုက်စွာ ထွက်သွားသည်။

ဂျွန်မြောင် ဝမ်အွန်း အနောက်ကနေလိုက်သွားပြီ

'ဆေးမှာ ကန့်သတ်ချက်တစ်ခုရှိပါတယ်'

The Throne Tempat cerita menjadi hidup. Temukan sekarang