The Throne (ရာဇာပုလ္လင်)
ဝမ်အွန်း ညနေပိုင်းလောက်မှ နန်းတော်ကို ပြန်လာခဲ့သည်။ဒိုဂျောင်ဆူး က သူ့ဘေးနားကနေ တိတ်ဆိတ်စွာ လိုက်လာခဲ့သည်။ခြောက်သွေ့နေသော ဈေးလမ်းမသည် အရင်ကလို ပျော်ရွှင်မှုမပေး။
ရုတ်တရက် သူတို့ဖြတ်လျှောက်သည့် လမ်းမထက်တွင် မွှေးပျံ့သော အနံ့တစ်ခုကို ရလိုက်သည်။
'ဘာနံ့လဲ။မွှေးလိုက်တာ'
ဝမ်အွန်း မျက်လုံးလေးမှိတ်ကာ အနံ့ခံနေတော့
'နန်းတော်ပြင်ပက စားစရာတွေက အန္တရာယ်ရှိပါတယ် မင်းသား'
'မဟုတ်ဘူး။ငါဒီအနံ့ တစ်ခါမှမရဖူးဘူး'
ဝမ်အွန်း အနံ့ထွက်ရာနေရာကို သွားကြည့်တော့ ပုံမှန်အိမ်လေးတစ်အိမ်ထဲက ထွက်လာတာဖြစ်သည်။
ဝမ်အွန်း တံခါးဖွင့်လိုက်တော့ ကုန်သည်ဖြစ်ဟန်တူသည့် လူတွေက စားပွဲခုံပေါ်က အိုးတစ်အိုးကိုသာ ကြည့်နေကြသည်။
ထိုလူတွေက ဝမ်အွန်း ကိုတွေ့တော့
'ဘာကိစ္စရှိလို့လဲ မသိဘူး'
ရှီလာ ဘာသာစကားအား ခပ်ဝဲ၀ဲ ပြောလာသည့်အပြင် သူတို့ရဲ့ ဝတ်စားပုံတွေကလည်း ရှီလာ ကမဟုတ်မှန်း ဝမ်အွန်း သိလိုက်သည်။
'ထွေထွေထူးထူးတော့မရှိပါဘူး။ဒီတိုင်း အနံ့တစ်ခုက ဆွဲဆောင်လာလို့ပါ'
ခပ်ပြုံးပြုံးဆိုလာတဲ့ ဝမ်အွန်း စကားအဆုံး သူတို့ထဲကတစ်ယောက်က ခေါင်းဆောင်နားကိုကပ်ပြီး တစ်ခုခု ပြောလိုက်သည်။
'ရိုင်းပြမိသွားရင် တောင်းပန်ပါတယ် ကြင်ယာတော်မင်းသား'
'ရပါတယ်။ဒါနဲ့ ဘာတွေချက်နေတာလဲ'
'ခေါက်ဆွဲပြုတ်ပါ မင်းသား'
'ခေါက်ဆွဲပြုတ်?'
ဝမ်အွန်း မယုံ၍သွားကြည့်တော့ တစ်ကယ်ပဲ ခေါက်ဆွဲပြုတ် ဖြစ်နေသည်။ဒါပေမဲ့ သူမြင်ဖူးတဲ့ ခေါက်ဆွဲတွေနဲ့ ကွာခြားနေသည်။
'ဒါက ခေါက်ဆွဲအခြောက်ပါ။ရေနွေးထဲ အရသာမှုန့်တွေ ထည့်ပြုတ်လိုက်ရင် ခဏနေတာနဲ့ စားလို့ရပါပြီ'