9(unicode)

1.2K 102 13
                                    

The Throne(ရာဇာပုလ္လင်)
အပိုင်း-၉

လိုအပ်တာတွေအားလုံးပြင်ဆင်ပြီး ၁ လအကြာမှာတင် ရှီလာ-ဘတ်ဂျယ် စစ်ပွဲကိုစခဲ့သည်။

ဒါပေမဲ့ စစ်ပွဲကိုတော့ ဝမ်အွန်း မလိုက်ရပေ။နန်းတော်မှာ သူရှိနေမှဖြစ်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ထားခဲ့ပြီး ရှီရွှန်း နဲ့ ဆောနို တို့ကိုတော့ ခေါ်သွားသည်။

ဘတ်ဂျယ် နဲ့ ဆက်ဆံရေးအလွန်ကောင်းမွန်သော ဝမ်အွန်း က သတင်ပေးဖြစ်မှာစိုးလို့ နန်းတော်ထဲမှာ သူ့အမေနဲ့ ထားခဲ့တယ်ဆိုတာ ဝမ်အွန်း မသိတာမဟုတ်။ဒါပေမဲ့လည်း သူနေခဲ့ရမယ်။သူ့မှာ ဝမ်ယောလ် မရှိတုန်း လုပ်ရမဲ့ အလုပ်တွေရှိသေးသည်။ထိုစစ်ပွဲနေရာကိုတော့ သူလိုက်ရမှာပါ။အချိန်တန်ရင် ဝမ်ယောလ် ကိုယ်တိုင် သူ့ကို ခေါ်ဖို့အတွက် လူလွှတ်လိုက်မှာကို ဝမ်အွန်း သိနေသည်။

နန်းတော်တံခါးမကြီးပွင့်သည်နှင့် ဝမ်ယောလ် မင်းကြီး ဦးဆောင်သော စစ်တပ်က တပ်သားပေါင်းများစွာနှင့်အတူထွက်လာသည်။မိဖုရားနှင့်ကြင်ယာတော် ရှီရွှန်း ကလည်း တစ်ဖက်စီတွင်ပါလာသည်။

တစ်လဆိုသော အချိန်တွင် အရင်ကစည်ကားခဲ့သော ရှီလာမြို့တော်ကြီးသည် အခုတော့ ခြောက်သွေ့လွန်းလှသည်။ပိုင်ဆိုင်မှုတစ်ဝက်ကို နိုင်ငံတော်ဘဏ္ဍာအဖြစ်ပေးလိုက်ရပြီး ယောကျ်ားလေးအများစုက ရဲမက်တွေဖြစ်ကုန်တာမို့လို့ လမ်းပေါ်တွင် အများဆုံးတွေ့ရသည်က ကလေးများနှင့် မိန်းမတွေသာဖြစ်သည်။

ဝမ်အွန်း ကတော့ မျက်ရည်အဝဲသားနှင့် သူတို့ရဲ့ ဖခင် ၊ ခင်ပွန်း တွေကို နှုတ်ဆက်နေသော ပြည်သူတွေကိုသာကြည့်နေသည်။

ဒါသည် သူလိုချင်သော အခြေအနေလုံးဝမဟုတ်ပေ။

~~~~~~~~~~~

ဝမ်အွန်း ဥယျာဉ်ထဲက ဇရပ်လေးမှာ အမတ်တွေရဲ့  လျှောက်တင်လွှာတွေဖတ်နေတုန်း ဝမ်ယော ရောက်လာပြီး

'ငါ့သားကတော့ အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်နေရတယ်။မင်းကတော့ အေးအေးဆေးဆေးပဲနော်'

'ယောလ်လေး အမေ'

ဝမ်အွန်း အမြန်ထပြီး အရိုအသေပေးလိုက်သည်။သူတို့ခေတ်ဆိုတော့လည်း………။

The Throne Where stories live. Discover now