The Throne (ရာဇာပုလ္လင်)
အပိုင်း- ၁၅ရှီလာနန်းတော်
ဝမ်ဆောနို ကုန်သည် ကိစ္စတွေကြောင့် စိတ်ညစ်နေသည်။ဝမ်အွန်း လုပ်ထားခဲ့သောကြောင့် နိဟွန်း ကုန်သည်တွေနဲ့ မန်ချူးကုန်သည်တွေက အများဆုံးဝင်ရောက်လာပြီးတဲ့နောက် ပြည်တွင်းကုန်သည်တွေ တစ်ချို့က ဆန္ဒပြလာသည်။ဝမ်အွန်း နဲ့တုန်းကတော့ အခြေအနေအရ လက်ခံခဲ့ရပေမဲ့ ဝမ်ဆောနို ပြန်ရောက်လာချိန်မှာတော့ သူတို့တွေ ထိုအရာကို ပြန်ပြီးပြင်ဆင်ချင်လာသည်။
ပြည်ပကုန်သည်တွေကို တရားဝင်ကုန်သည်အဖြစ်နေထိုင်ခွင့်ပေးခြင်းသည် သူတို့အတွက် လွန်စွာ နစ်နာလွန်းသည်။ရှီလာရဲ့ စည်းမျဉ်းသည် တရားဝင်ကုန်သည်မဟုတ်လျှင် ဘာပစ္စည်းမှ ရောင်းချခွင့်မရှိ။ပြည်ပကုန်သည်တွေက တရားဝင်ကုန်သည်တွေဆီ အရင်ရောင်းပြီးမှ တရားဝင်ကုန်သည်တွေက ကြိုက်သလောက်ဈေးတင်ပြီးမှ ပြန်ရောင်းသည်။ထို့ကြောင့် ပြည်ပကုန်သည်တွေက အမြတ်နည်းပြီး ပြည်တွင်းကုန်သည်တွေကတော့ ချမ်းသာကြွယ်ဝကြသည်။
အခုတော့ ဝင်လာသမျှ ပြည်ပကုန်သည်တိုင်းကို တရားဝင်ကုန်သည်ဖြစ်ခွင့်ပေးနေခြင်းကြောင့် တိုက်ရိုက်ရောင်းခြင်းက ပိုပြီးဈေးသက်သာသည်။ထို့ကြောင့် ပြည်သူတွေက သူတို့ဆီကပဲ ဝယ်တော့ ပြည်တွင်းကုန်သည်တွေငုတ်တုတ်မေ့ကုန်သည်။
ဝမ်ယောလ် တက်လာတာမှ ဘယ်လောက်တောင်မှ မကြာသေးတာတောင် သူတို့တွေ ငွေကြေးအများကြီးစုမိနေပြီဖြစ်သည်။အခုတော့ အရင်အတိုင်း ဝမ်အွန်း ပြန်စီမံတော့မည်ထင်သည်။
ဝမ်အွန်း လက်ထက်က လူချမ်းသာနှင့် လူဆင်းရဲသည် ပိုင်ဆိုင်မှုခြင်း သိပ်မကွာသလောက်ဖြစ်အောင်ထိန်းညှိပေးထားသည်။ထို့ကြောင့် ခိုးဆိုးလုယက်မှုက မရှိသလောက်ရှားသည်။
ဝမ်အွန်း သာ ကုန်သွယ်ရေးအပိုင်းကို ပြန်ပြီးစီမံမည်ဆိုလှင် ပြည်သူတွေ ကန့်ကွက်မည်မထင်။
ထို့ကြောင့် ကုန်သည်တွေနဲ့ အမတ်တွေက ဝမ်အွန်း ကုန်သွယ်ရေးကိုပြန်ပြီး စီမံလာမှာကို စိုးရိမ်လွန်းနေသည်။ဝမ်အွန်း သာ ပြန်ပြီး ကုန်သွယ်ရေးပိုင်းထဲဝင်လာလျှင် သူတို့စားပေါက်ပိတ်တော့မည်။ဒါတွေကြောင့် ဝမ်ဆောနို ကိုဖိအားပေးကာ ပြည်ပကုန်သည်တွေကို တရားဝင်ကုန်သည်ဖြစ်ခွင့်ပေးထားသည့် အမိန့်ကို ပြန်ဖျက်ပေးစေချင်နေသည်။