[Zawgyi]
The Throne(ရာဇာပုလ္လင်)
အပိုင်း-၂၉ဝမ်ယော မွေးနေ့ပွဲမစခင်တွင် ပွဲကိုလာသောမင်းသားနှင့်ကြင်ယာတော်တွေအတွက် နားနေခန်းကို သီးသန့်သတ်မှတ်ထားပြီးသားဖြစ်သည်။
ဝမ်အွန်း ပြောထားသည့်အတိုင်း ဘတ်အာ နှင့် ဝမ်ဆို ၏ နားနေဆောင်က ဘေးချင်းကပ်ဖြစ်သည်။
ပွဲတော်ထဲတွင် မပါမဖြစ် ဖြစ်သည်က သေရည်ဖြစ်သောကြောင့် အားလုံးက အဆိပ်ပါမပါသေချာစစ်ဆေးပြီးမှ အားလုံးကိုတိုက်ကြသည်။သို့သော် အားလုံးရေချိန်ကိုက်နေကြသောအချိန်တွင်တော့ စစ်ဆေးရေးသမားတွေလည်းသေချာမစစ်ဆေးတော့ဘဲ ချပေးတတ်ကြသည်။ထို့ကြောင့် ဝမ်အွန်း က အထိန်းတော်ယန်း အား စိတ်ကြွဆေးအနည်းငယ်ပေးပြီး ဝမ်ဆို သောက်မည့်သေရည်အိုးထဲကို ထည့်စေလိုက်သည်။
ဆေးက စစချင်းမှာအရှိန်သိပ်မပြင်းသောကြောင့် ဝမ်ဆို သတိမထားခဲ့ပေ။အထိန်းတော်ယန်း က ရုပ်အပြောင်းအလဲလုပ်ပြီးအပျိုတော်ငယ်လေးဟန်ဆောင်ကာ ဝမ်ဆို နေရမည့်အခန်းအားလိုက်ပို့ပေးသည်။သို့သော် ပို့ပေးလိုက်သည့်အခန်းမှာ ဝမ်ဆို ၏ နားနေခန်းကိုမဟုတ်ဘူး ဝူဟီး ဆီသို့ဖြစ်သည်။ပြီးနောက် အဆောင်ကိုရောက်ပြီး အခန်းမှားရာမှ ဝူဟီး ရှိနေသော အခန်းထဲသို့ရောက်သည်။ပြီးနောက် ဝူဟီး သည် မင်းသား ဝမ်ဆို နှင့် အတူနေလိုက်မိသည်။
ဝမ်ဆို နှင့် ဘတ်အာ ကိုရန်တိုက်ပေးပြီး သူတု့ညီအစ်ကိုတွေကို သွေးခွဲဖို့ရာအတွက် ဝူဟီး က အဓိကဖြစ်သွားသည်။
အစကတည်းက ဝူဟီး သည် ဝမ်အွန်း ၏ လူယုံတစ်ယောက်ဖြစ်ပြီး ဘတ်အာ ဆီသို အကြံနှင့်ချဉ်းကပ်ခဲ့သောသူဖြစ်သည်။ဒါပေမဲ့ ဘယ်သူကထင်မိမှာလဲ။ဝူဟီး က ဘတ်အာ ကို တစ်ကယ်ချစ်သွားခဲ့လိမ့်မည်ဟု.....
မိုးလင်းလင်းချင်း ဝူဟီး ၏ အလောင်းကို ဘတ်အာ တွေ့သွားပြီးနောက် နှုတ်ဆက်စာမှာလည်း ဝူဟီး က ရန်တိုက်ပေးသွားပြန်သည်။ အသက်ပေးပြီး ဝမ်အွန်း ၏ မူလအစီအစဉ်ထက်ပြင်းထန်းသောလုပ်ကွက်တို့အား ပြုလုပ်သွားခဲ့သည်။
~~~~~~~~~~
ညီလာခံခန်းမ
ဝမ်ယောလ် ၊ ဝမ်ဆို ၊ ဘတ်အာ ၊ ဝမ်ဂျန်း နှင့် ဝမ်အွန်း တို့အားလုံး ရန်းမထဲသို့ရောက်နေသည်။မင်းညီမင်းသားပုဂ္ဂိုလ်ရေးကိစ္စအား အပြင်လူသိခွင့်မပေးဘဲ တိတ်တဆိတ်သာဆွေနွေးနေခဲ့သည်။