မှိုင်းညှို့ညှို့ ဆောင်းရာသီမှာ ကျွန်တော် အအေးဓာတ်ကို ခံစားပြီးနိုးထရမယ့်အစား နွေးထွေးစွာ နိုးထလာရသည်! မျက်လုံးတို့ အပွင့် ဦးစွာ မြင်ရတဲ့ တောင့်တင်းတဲ့ ရင်ဘတ်တစုံ .......ကျွန်တော့် ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်သိုင်းထားတဲ့ သန်မာတဲ့ လက်မောင်းတွေ ကြားမှာ ကျွန်တော့်ကိုယ်လေး မလူးသာ မလွန့်သာ! ငြင်သာတဲ့ ဝင်လေထွက်လေလေးက ကျွန်တော့်ဆံပင်လေးတွေကို လာတိုးတိုက်နေသေးသည်! ကျွန်တော် ကွေးကွေးလေး အိပ်နေလျှက်က မြင်နေရတဲ့ ရင်ဘတ်ဆီကို လက်ညိုးလေးနဲ့ အသာထောက်လိုက်ပြီး တိုးတိုးရွတ်လိုက်မိတယ်!
"Kokonoe sama......"
"အင်း~ "
"အ...Ko..Ko..."Kokonoe sama က သက်ပြင်းတခုချပြီး ကျွန်တော့်ကို ပိုတိုးဖက်လိုက်တယ်! ရုတ်တရက် သန်မာတဲ့ လက်မောင်းတွေကြားမှာ ကျွန်တော် အသက်ရှုကျပ်သွားသည်! Kokonoe sama က နိုးသေးပုံမပေါ် ကျွန်တော့်ကို ခေါင်းအုံးတစ်ခုလို့ မှတ်နေပုံရသည်! ကျွန်တော် ကိုယ်လေးကို အသာရုန်းတော့ သူက လွတ်ထွက်သွားမှာစိုးသည့်အလား ပိုတိုးဖက်လေသည်! ကျွန်တော်ရုန်းရင်းမှ သတိထားမိတယ် ကျွန်တော့်ကိုယ်ပေါ်မှာ အုပ်ထားတဲ့ စောင်ကလွဲလို့ အကျီမရှိ! အခုနေ ကျွန်တော့် ဝတ်ရုံလေးက ကုတင် ဘေးမှာ ပုံလျက်သား ကျနေမှာသေချာသည်! အခုထိ ကျင့်သားမရသေးတဲ့ ကျွန်တော့်နှလုံးသားက ဒိတ်ကနဲခုန်သွားပြီး မျက်နှာက နွေးကနဲပူလာတယ်!မနက်တိုင်း ချစ်သူရင်ခွင်မှာ နိုးထလာရပေမယ့် ရှက်ရွ့ံနေဆဲ! ကျွန်တော် တတ်နိုင်သမျှကိုယ်လေးကို ကျုံ့ထားမိတော့.........
"နိုးနေတာကိို မထသေးပဲ ဘာလုပ်နေတာလည်း Iori"
"အာ...Ko..Kokonoe sama က အတင်း....ဟို..."
"hummn ဘာလည်း?"ရင်ခွင်ထဲဖွက်ထားတဲ့ ကျွန်တော် မျက်နှာဆီကို Kokonoe sama ရဲ့ နူးညံ့တဲ့ နှုတ်ခမ်းတွေ အကြားအလပ်မရှိရောက်လာတယ်!
YOU ARE READING
Unbreakable ( Unicode Version )
FanfictionThis is a cruse anymore but.....our love is unbreakable! The sequel of Love Legend! This story is my own story please enjoy~^ ^