Kokonoe sama & Chocolate [ Valentine Day Special ]

923 97 4
                                    

" imm...... Kokonoe sama အစောကြီး ..?"

"Hummm? မင်းနိုးသွားတာလား? "

ကျွန်တော် အိပ်ချင်မူးတူး မျက်လုံးတွေပွတ်ရင်း လှမ်းကြည့်တော့ Kokonoe sama က သူ့ဝတ်ရုံတွေ လဲပြီးနေပြီ ! မနက်စောစောသူ့ရဲ့ ဟန်ပန်ဟာ တောက်ပတဲ့နေရောင်ခြည်လိုပဲ ခန့်ညားလို့ !

"ငါ အစည်းအဝေးသွားရမယ် ! နောက်ပြီး တခြားအလုပ်တွေလည်း ရှိသေးတယ် ဒါကြောင့် ဒီနေ့ နောက်ကျမယ်ထင်တယ်"

"............."

ရုတ်တရက် ကျွန်တော် ပြန်ဖြေစရာစကားတို့ မဲ့သွားတယ် ! ဒီနေ့လေးမှာ ကျွန်တော်က Kokonoe sama နဲ့ တနေ့လုံး အတူတူရှိချင်နေခဲ့တာ ! အခုတော့.....

"ဘာဖြစ်လဲ Iori ? မင်းနေမကောင်းဘူးလား?"

အတွေးတချို့ကြောင့် ငြိမ်နေတဲ့ ကျွန်တော့်ကို Kokonoe sama က သင်္ကာမကင်းဖြစ်ဟန်တူသည်! အခန်းပေါက်ဝက ပြန်လှည့်လာပြီးမေးတယ်!

"ဟင့်အင်း နေကောင်းပါတယ် Kokonoe sama heee"

ကျွန်တော် မချိသွားဖြဲလေး ရယ်ပြတော့ Kokonoe sama က ကုတင်စွန်းမှာ အသာထိုင်လိုက်တယ်! အိပ်ယာထစမို့ ရှုပ်ပွပွ ကျွန်တော်ဆံပင်ကို တချက်သပ်ရင်း Kokonoe sama က ခပ်တိုးတိုးမေးသည်!

" ညက နည်းနည်း ကြမ်းသွားလို့လား Iori?"

"အာ?"

ကျွန်တော်မျက်နှာဟာ ချက်ချင်းဆိုသလို ဆူဝေလာတဲ့ ရေနွေးအိုးလိုဖြစ်လာပြီး နားရွက်ထဲကတောင် အငွေ့တွေ ထွက်လာသလိုပဲ ! Kokonoe sama နှုတ်ခမ်းလေး တခြမ်းကွေးနေတယ်! သူ ကျွန်တော်ဆီက အခုလိုအမူအရာမျိုး မမျှော်လင့်ထားသလိုပဲ!

"Arrrrrrrrrrrrrrrrrrrrrrrrrr Kokonoe sama စောစောစီးစီး ဘာတွေပြော!!!!!!!!!!!!!"

"Hahahahaha"

ကျွန်တော် စောင်တွေထဲ တိုးဝင်ပြီး အော်ဟစ်တော့ Kokonoe sama က သဘောကျသလိုရယ်တယ် !

"မင်းနာနေရင်ပြောပါ ငါပျောက်အောင်ကုပေးမယ်! Hahahaha"

"Arrrrrrrrrrrrrr သွား ! Kokonoe sama လူဆိုးကြီး !!!!!!"

ကျွန်တော် ရှက်ရှက်နဲ့ စောင်ပုံထဲက အော်ဟစ်နေတော့ Kokonoe sama ရယ်သံတွေ ပိုကျယ်လာတယ် ! သူက စောင်ပေါ်ကနေ တစ်ချက် နှစ်ချက်ပုတ်ပြီး ညက အကြောင်းကို စမြုံပြန်ပြောနေပြန်သည်!

Unbreakable ( Unicode Version )Where stories live. Discover now