" ကျွန်တော်မျိုး Yami ပါ Oorochin sama"
"ဝင်ခဲ့ ! "
အခန်းထဲက အေးစက်စူးရှတဲ့ အမိန့်သံထွက်ပေါ်လာပြီးတဲ့နောက်မှာ Yami ဟာ ထိုးတံခါးကို အသာလှမ်းဖွင့်လိုက်တယ် ! မျက်နှာ နီစပ်စပ်နဲ့ Oorochin ဟာ အခန်းထိပ်မှာ မာတင်းတဲ့ မျက်နှာထားနဲ့ ထိုင်နေလေသည် ! သူ့ရဲ့ အနီရောင်တောက်တောက် မျက်လုံးတွေဟာYami ကို ခပ်စူးစူးကြည့်နေတယ် !
"အခြေအနေ ဘယ်လိုရှိလဲ Yami "
Oorochin ရဲ့ အမေးစကားနောက်မှာ Yami ဟာ တည်ငြိမ်စွာနဲ့ ...
" အားလုံး Oorochin sama စီစဉ်ထားတဲ့ အတိုင်းပါပဲ ! ကိုယ်စားလှယ်တော်ကြီးလည်း သူ့ကိုယ်ရံတော် ကိစ္စနဲ့ ခေါင်းမီးတောက်နေရှာတယ် ! ကျွန်တော်တို့ အစီအစဉ်ကို အချိန်မဆွဲပဲ အကောင်အထည်ဖော်တာ ကောင်းမယ်ထင်တယ် Oorochin sama !"
Oorochin က သူ့ရှေ့က စားပွဲခုံကို လက်နဲ့ တတောက်တောက်ခေါက်ရင်း အတွေးနက်နေပုံပဲ ! သူဆီက ဘာညွှန်ကြားချက်မှ ထွက်မလာသေးခင် Yami ဟာ အခန်းတွင်းမှာ တိတ်ဆိတ်စွာရပ်နေတယ် !
"Humm~"
Oorochin ဟာ သူ့မေးစေ့ကိုပွတ်ရင်း မျက်မှောင်တွေကို ကုတ်ထားတယ် ! အချိန်အနည်းငယ် ကြာမြင့်လာပြီး တိတ်ဆိတ်လွန်းမက တိတ်ဆိတ်လာတဲ့အခါ Yami ဆီက ခပ်လောလော စကားသံ ထွက်ပေါ်လာတယ် !
"Oorochin sama အချိန်မဆွဲသင့်တော့ပါဘူး !"
" မင်းဘာလို့လောနေတာလဲ ? Yami "
Oorochin ရဲ့ စူးလက်လက် မျက်လုံးအနီရောင်တွေဟာ Yami ကို စူးစိုက်ကြည့်နေတယ် ! သူ့မျက်လုံးတွေဟာ Yami ရဲ့ မျက်နှာဖုံးကိုတောင် ဖောက်ထွက်သွားမတတ်ပဲ ! Yami က ကောက်ကာငင်ကာ ဦးညွှတ်လိုက်ပြီး ...
"Oorochin sama သာမန်အချိန်ဆို ကျွန်တော်မျိုးအနေနဲ့ အမြဲ စိတ်အေးလက်အေး အခြေအနေကြည့်ပြီး ဆုံးဖြတ်ဖို့ အကြံပေးမှာ အမှန်ပင်မယ့် ဒီအချိန်ကတော့ လောဖို့လိုအပ်နေပါတယ် Oorochin sama ! "
![](https://img.wattpad.com/cover/207676964-288-k556811.jpg)
VOCÊ ESTÁ LENDO
Unbreakable ( Unicode Version )
FanficThis is a cruse anymore but.....our love is unbreakable! The sequel of Love Legend! This story is my own story please enjoy~^ ^