တောအုပ်ဟာ တိတ်ဆိတ်တယ် ၊ အေးချမ်းတယ် .....
"Kokonoe sama!!!!!!!! Kokono....အမလေး !"
*ဒုန်း*
*ဝုန်း*
" အား လာ လာ...နာလိုက်တာ"
ဆုတောင်းစာတွေဖတ်နေတဲ့ Kokonoe မျက်ခုံးတွေ တွန့်ကွေးသွားတယ် !
ဒီတောအုပ်ငြိမ်းချမ်းတယ်ဆိုတာ အဲဒီ့အကောင်ပေါက်စ မရောက်လာခင်ကပါလေ ...
လူသားတွေ ပျော့ညံ့တယ် ထိခိုက်ကျိုးပဲ့လွယ်တယ် အဲ့ဒါအပြင် အခုလို ရှပ်ပြာပြာနိုင်တယ် ပြာယာခတ်တယ် ဆူညံတယ် ဒီ့အတွက် ပိုမုန်းမိတယ် ....ဒါပေမယ့်လည်း Iori နန်းဆောင်ထဲကို ထုံးအစံအတိုင်း ဆူညံစွာဝင်လာတာကို Kokonoe နှင်မထုတ်မိဘူး!
"ဟို ... Kokonoe sama ဆုတောင်းစာတွေ ဖတ်နေတာလား အများကြီးပဲ ! ကျွန်တော် စာလိတ်တွေ ကူစီပေး...."
"တော်စမ်း လာမရှုပ်စမ်းနဲ့ ငြိမ်ငြိမ်နေ ! မိုးလင်းထဲက ဆူညံနေတာ !"
Kokonoe ရဲ့ ခေါက်ငေါက်ငေါက်အသံကြောင့် Iori တုန်သွားတယ် ! တုန်သွားတာ ယုန်သူငယ်လိုပဲ ! အသည်းငယ်တာလည်း ယုန်လောက်နီးနီးရှိမယ် ! မသိရင် သူပဲ အပြစ်လုပ်မထားသလိုလို သူပဲ နစ်နာသူလိုလို နဲ့ လူသားတွေ မာယာများသည်!
Ioriက သူ့ဒူးခေါင်းလေး ပွတ်ရင်း ငြိမ်နေပြန် တယ် ! ဒါစောစောက ချော်လဲလို့ နာနေတာကို ဖုံးကွယ်ထားတာပဲ !
အဲ့ဒီလို ဖုံးကွယ်တတ်တာကို မုန်းတယ် ! ဒါပေမယ့် Iori မျက်နှာ ရှုံ့မဲ့နေတာကို ပိုမုန်းမိတယ်ထင်တယ် !
"မင်းဝတ်ရုံကို လှန်စမ်း!!!"
"ဟင်...Ko..Kokonoe sama"
Iori စကားသံတွေဟာ စိတ်မရှည်ချင်စရာ အထစ်ထစ်အငေါ့ငေါ့ဖြစ်သွားပြီး သူ့မျက်နှာက ချက်ခြင်း မက်မုံသီးလို ပန်းရောင်သန်းလာတယ် !
အဲ့သလို စိတ်မရှည်ချင်စရာတွေကိုလည်း မုန်းတယ် ! ဒါပေမယ့်......
BINABASA MO ANG
Unbreakable ( Unicode Version )
FanfictionThis is a cruse anymore but.....our love is unbreakable! The sequel of Love Legend! This story is my own story please enjoy~^ ^