လေညှင်းက ညှင်းသွဲ့သွဲ့ တိုက်ခတ်နေတယ်......နွေဦးရဲ့ သစ်ရွက်ခြောက်တွေက လေတိုက်တိုင်း မျောပါသွားကြသည်! အရိုးပြိုင်းပြိုင်းနဲ့ သစ်ပင်ခြောက်တွေက တောအုပ်ကို အထီးကျန်နေစေတယ်!
"ah....ha ha ha~"
Kokonoe ရဲ့ နောက်ဆုံးလက်ကျန် ခွန်အားလေး အသုံးပြုပြီးချိန် မြေပေါ်ကို ဒူးထောက်ကျသွားတယ်! နဖူးက ချွေးစလေး မြေပေါ်ကို တောက်ခနဲ ကျသွားတဲ့နောက် Kokonoe ရဲ့ မျက်နှာပြင်ဟာ ပိုပြီး ခက်ထန်လာတယ်! အပြာလဲ့လဲ့ မျက်ဝန်းတွေ အနီရဲရဲအဖြစ်ပြောင်းနေခဲ့တာကြာပြီ.......
ချွန်မြနေတဲ့ လက်သည်းရှည်တွေ ပဲ့ကြွေနေတဲ့ လက်တစုံက လက်မောင်းရင်းအထိ လောင်ကျွမ်းဒါဏ်ရာတွေ အပြည့်ဖြစ်သည်~
"ahhhhhhhhhhhh~"
အားကုန်သုံးပြီး လက်သီးတချက် ပစ်သွင်းလိုက်ပေမယ့် မျက်စိရှေ့က မမြင်ရတဲ့ အကာအကွယ်က အရာမယွင်းရှိနေဆဲ! ထိမိတဲ့ Kokonoe လက်သီးဆုတ်ဆီက သွေးတချို့ နဘေးက သစ်ရွက်ခြောက်တွေပေါ် ဆေးစက်တွေလို ကျဲပက်သွားခဲ့သည်!
မျှော်လင့်ချက်မဲ့စရာပေမယ့် အတိတ်က ပုံရိပ်တချို့က အတွေးထဲ အစီအရီ.....
အတိတ်ကပုံရိပ်.....
အတိတ်တခု....
"Kokonoe sama~"
"Kokonoe sama!!!!!!!!"
လှမ်းခေါ်သံကြားရာလှည့်ကြည့်မိတော့ မြစ်ကမ်းစပ်က Iori က ဝတ်ထားတဲ့ ကီမိုနိုကိုမရင်း အော်နေသည်! သူ့မျက်နှာမှာ အနည်းငယ်အလိုမကျမှုတွေရှိနေတယ်!
Kokonoe ရဲ့ မျက်လုံးတချက် လှမ်းအဝှေ့မှာIori က ဆက်ပြောနေတယ်!
"Kokonoe sama နည်းနည်းပါးပါးကူညီပါအုံးလား???? ပြီးတော့ ငါးကင် သူလည်းစားမှာပဲကို!!!!!!"
နေပူပူအောက်မှာ နီရဲနေတဲ့ Iori မျက်နှာက စူပုပ်ပုပ်ဖြစ်လာသည်!
"အဟက်~ လူသားတွေ အလကားနေ ဒုက္ခရှာတယ်"
Kokonoe တိုးတိုးရေရွတ်ရင်း မျက်လုံးတွေ ပြန်မှိတ်ထားလိုက်သည်! နွေနေ့လည် ပူပူမှာ ငါးကင်စားချင်တယ်ဆိုပြီး မနက်ထဲက နန်းဆောင်ထဲ လာပူနေတဲ့ Iori ကို မြစ်နားမသွားစေချင်ပေမယ့် နောက်ဆုံးတော့ လိုက်လာခဲ့မိတဲ့ သူကိုယ်တိုင်က လူသားတွေ ထက် အရူးအလုပ်ပိုလုပ်မိသလား မတွေးတတ်တော့ပါ!
KAMU SEDANG MEMBACA
Unbreakable ( Unicode Version )
Fiksi PenggemarThis is a cruse anymore but.....our love is unbreakable! The sequel of Love Legend! This story is my own story please enjoy~^ ^