တောအုပ်ရဲ့နေရာတိုင်းက နှင်းဖုံးလို့နေပြီ ! အခန်းထဲမှာ စောင်ထူထူပတ်ထားတာတောင် ကျွန်တော်တကိုယ်လုံး အေးစက်လို့နေတယ်! ညနက်လာလေလေ အအေးဓာတ်က ပိုလာလေလေ! ဒီလိုနဲ့ ကျွန်တော်ခဲသွားမလားမသိ! Kokonoe sama ရော မအေးဘူးလား? သူတို့ spirit တွေ မအေးတတ်ဖူးထင်တယ်! အခုချိန် Kokonoe sama ဘာလုပ်နေမလဲ ?
ကျွန်တော် သိချင်စိတ်တွေက စောင်ခြုံထဲက ကျွန်တော့်ကို အပြင်ထွက်ဖို့တွန်းအားပေးတယ်! အထပ်ထပ်ဝတ်ထားတဲ့ ဝတ်ရုံပေါ်ကနေ ခပ်ထူထူခြုံထည်တခုကောက်ခြုံပြီး အပြင်ထွက်လာတဲ့ ကျွန်တော်က အဝတ်ပုံရွေ့လာသလိုပဲ !
"Kokonoe sama!"
"................"
"Kokonoe sama!!!"
"................."အခန်းထဲက ဘာတုံ့ပြန်သံမှာ မကြားရ တိတ်ဆိတ်လို့နေသည်! အပြင်မှာ သစ်ကိုင်းပေါ်က နှင်းတွေပြုတ်ကြတဲ့ တဘုတ်ဘုတ်အသံသာ ကြားနေရတယ်!
*(Kokonoe sama မရှိဘူးလား? ဘယ်ကိုသွားတာလည်း? ဆောင်းတွင်းချမ်းချမ်းစီးစီး ငါ့ကိုကျတစ်ယောက်ထဲထားခဲ့တယ်!)*
ကျွန်တော် စိတ်ထဲမကျေမနပ် ရေရွတ်ပြီး အခန်းတံခါးကို အသာဟကြည့်လိုက်တယ်!
"Iori ဘာလုပ်နေတာလည်း အခန်းဝမှာ"
"အမလေး.....အ"*ဝုန်း*
"အား ကျွတ် ကျွတ် ကျွတ်"
ရုတ်တရက် နောက်တည့်တည့်က အသံကြောင့် ကျွန်တော် လန့်ပြီးအလှည့် ခြေချော်ပြီး ဖင်ထိုင်လျက်လဲကျသွားသည်!
မျက်ခုံးတွေ တွန့်ကွေးပြီး ကျွန်တော့်ကိုကြည့်နေတဲ့ Kokonoe sama က ခါတိုင်းလို ပြာလဲ့လဲ့ ဝတ်ရုံ ခပ်ပါးပါးကိုသာ ဝတ်ဆင်ထားတယ်!
"Kokonoe sama မချမ်းဘူးလား!?"
"အဟက် ငါက မင်းတို့လူသားတွေလို အားနည်းတဲ့ သူမျိုး မဟုတ်ဖူး"
".........."မျက်ခုံးတချက်ပင့်ပြီးပြောတဲ့ Kokonoe sama ကို ကြည့်ရင်း ကျွန်တော့်စိတ်ထဲမနာလိုဖြစ်မိတယ်! ကျွန်တော်မှာတော့ ချမ်းလိုက်တာ ခဲသွားမတတ်ပဲလေ! အတွေးများနေတဲ့ ကျွန်တော့် မျက်လုံးရှေ့ကို Kokonoe sama ရဲ့ လက်တဖက်ရောက်လာတယ်!
ŞİMDİ OKUDUĞUN
Unbreakable ( Unicode Version )
Hayran KurguThis is a cruse anymore but.....our love is unbreakable! The sequel of Love Legend! This story is my own story please enjoy~^ ^