ကျွန်တော် တောအုပ်ဆီ အလည်သွားတယ် ! အဲဒီ့မှာ Kokonoe နဲ့ တွေ့တယ် ! သူကမေးတယ် !
"မင်း စိတ်ညစ်လာပြန်ပြီလား " တဲ့
ကျွန်တော်က "အင်း " လို့ ပြန်ဖြေတော့
သူက ယပ်တောင်ကို တဖြတ်ဖြတ်ခပ်ရင်း အဝေးကို ငေးကာ
"ဘဝဆိုတာ ဒီလိုပါပဲ ကွာ~" တဲ့
ဒီလိုနဲ့ ကျွန်တော်သူနဲ့ စကားထိုင်ပြောဖြစ်တယ် !
"ခင်ဗျားတောအုပ်ကတော့ အေးချမ်းနေတာပဲနော်"
"အဟက် ~ တခြားသူရဲ့ တောအုပ်မှ မဟုတ်ပဲ ! ငါ့တောအုပ်ပဲကို အေးချမ်းတာ အဆန်းလား?"
သူ့ပြုံးစစ ဘဝင်မြင့်ဟန်က ကျွန်တော့်ကို ပြုံးသွားစေတယ် !
"ဒါကြောင့်လည်း ကျွန်တော် စိတ်ညစ်တိုင်း ခင်ဗျားဆီလာလည်မိတာ ဖြစ်မယ်ဗျ"
"ဟိတ်ဟိတ် မင်းပြောမှပဲ ငါက ပျော်တော်ဆက်ပုံဖြစ်နေပြီ ! ပြင်ပြောစမ်းကွာ"
သူကအလိုမကျဟန်ပါပဲ ! သူ့မာန ထိခိုက်တယ်လို့ ယူဆပုံရတယ် ! ဒါနဲ့ ကျွန်တော်လည်း ပြင်ပြောလိုက်ရတယ် !
"မဟုတ်ပါဘူး ကျွန်တော်ဆိုလိုတာက ခင်ဗျားတောအုပ်က အေးချမ်းတော့ ကျွန်တော့်စိတ်တွေ အုံ့မှိုင်းနေတာကို ပြေပျောက်စေတယ် ! ခင်ဗျားလို အရာရာမှာ သန်မာပြီး စိတ်ဓာတ်ခိုင်မာတဲ့ သူနဲ့တွေ့ရတော့ ကျွန်တော်လည်း ရေကျောမြေကျောလိုက်ပြီး စိတ်ဓာတ်တွေ ခိုင်မာသွားတာပေါ့ဗျာ ! ဒါ ခင်ဗျားရဲ့ အစွမ်းအစတွေပေါ့ ! အင်း ထုတ်သုံးစရာတောင်မလိုတဲ့ အစွမ်းအစတွေလေ ဒါကြောင့် ကျွန်တော် ကြေကွဲပြိုလဲချိန် ခင်ဗျားဆီလာလည်ရင် စိတ်ဓာတ်ပြန်လည် ခိုင်မာလာတယ် ပျော်လာတယ်လို့ပြောတာပါ "
"သြော် အေး အဲ့ဒီလိုလား အဟက်ဟက်~"
သူက သဘောကျသွားဟန်ပါပဲ ! ခေါင်းမော့ပြီး ရယ်မောလိုက်တာ သူ့သွားစွယ်ချွန်ချွန်တွေကို ကျွန်တော် မြင်နေရတယ် ! နေရောင်အောက်မှာ သူ့ငွေမှင်ရောင်ဆံနွယ်ရှည်တွေက လွင့်ဝဲလို့ !
YOU ARE READING
Unbreakable ( Unicode Version )
FanfictionThis is a cruse anymore but.....our love is unbreakable! The sequel of Love Legend! This story is my own story please enjoy~^ ^