"Iori ကို အင်္ဂလန်ပို့ဖို့ မေမေစဉ်းစားထားတယ် Iwaki!"
"ဟင် ဘာလို့လည်း??"
"အခုလို အိမ်မှာ ခေါ်ထားပြီး စည်းချထားပေမယ့် မေမေ စိတ်မချဘူး! စိတ်ထဲထင့်နေတယ်! ဒါကြောင့် ရေမြေခြားသွားရင် သူတို့မလိုက်နိုင်တော့ဘူးလေ!"
"သူတို့!?? "Iwaki နည်းနည်းတွေဝေသွားတယ် ! ပြီးတော့မှ မေမေဆိုလိုတဲ့ သူတို့ဆိုတာကို သဘောပေါက်လိုက်မိသည်!
"အော် မေမေရယ် သူတို့တွေဆိုတာ တကယ်ရှိတာ ဟုတ်ချင်မှ ဟုတ်မှာပါ! မေမေတို့ ရှေးလူကြီးတွေက အစဉ်အဆက် အစွဲအလမ်းကြီးနေလို့သာ သားတော့ မယုံပါဘူး! Iori ပြောနေတဲ့ Kokonoe sama ဆိုတာလည်း သူ့စိတ်ကူးယဉ်ဇာတ်ကောင်ဖြစ်မှာပေါ့ ! လူဆိုတာ အချိန်အကြာကြီး တစ်ယောက်ထဲနေရရင် တွေးမိတွေးရာ ထင်မိထင်ရာပဲ! "
"သားပြောသလိုဖြစ်ရင်ကောင်းပေမယ့် စိတ်ချရအောင် မေမေတော့ ပို့ချင်တယ်! အခု Iori ဘယ်လိုနေသေးလည်း!?"Iori ဘယ်လိုနေသေးလည်း? ဒီမေးခွန်းကြောင့် Iwaki တစ်ယောက် မြေတိုက်အခန်းထဲက Iori ကို ပြေးမြင်မိတယ်! ငယ်ငယ်က တစ်ခုခုဆို ပျော့ညံ့တဲ့ Iori ထစ်ခနဲဆို ငိုတတ်တဲ့ Iori အမြဲလက်လျော့အားငယ်တတ်တဲ့ Iori က ဘာလို့များအခုထိ ဇွဲနပဲကြီးပြီး အော်ဟစ်ထုရိုက်နေရတာလည်း!? နားမလည်နိုင်ဘူး? ဘာလို့အခုထိ တကယ်မရှိတဲ Kokonoe sama ဆိုသူကို တဖွဖွရေရွတ်နေသေးလည်း နားမလည်ဘူး!
"Iwaki မေမေ မေးနေတယ်လေ! Iori ဘယ်လိုနေသေးလည်းလို့!"
"အင်း သူအခုထိ အော်ဟစ်သောင်းကြမ်းနေတုန်းပဲ! လက်တွေလည်းဖူးရောင်နေပြီ မလျော့သေးဘူး ! မေမေရယ် ဘယ်နှစ်ရက်ရှိပြီလည်း သူ့ကို မြေတိုက်ထဲက ထုတ်လိုက်ပါတော့လား?"
"Iwaki မင်းနားမလည််ပါဘူး! ကဲသွား အင်္ဂလန်ကို ပို့ဖို့ကိစ္စပဲ စီစဉ်!"Iwaki စာကြည့်ခန်းထဲက ပြန်လာခဲ့သည်! မေမေက မင်းနားမလည်ဘူးတဲ့ တကယ်တမ်းနားလည်ရမှာ မေမေမဟုတ်ဖူးလား? မရှိနိုင်တဲ့ Spirit တွေကို ဘာလို့ယုံကြည်နေသလည်း!? တကယ်စိတ်ရှုပ်တယ်! Iori ကရော ..... ဘာလို့ဒီကောင် ဒီလောက်ထိခေါင်းမာနေသလည်း!?
![](https://img.wattpad.com/cover/207676964-288-k556811.jpg)
YOU ARE READING
Unbreakable ( Unicode Version )
FanfictionThis is a cruse anymore but.....our love is unbreakable! The sequel of Love Legend! This story is my own story please enjoy~^ ^