" သူက....Shijou ကောင်လေးမဟုတ်လား? ဘယ်လိုဖြစ်လို့ မင်းနောက်လိုက်လာ...."
"သူက Iori မဟုတ်ဘူး !"
"ဟမ်? ဘယ်လို ဘယ်လို ! မဖြစ်နိုင်တာ သူက Shijou ကောင်လေးဆိုတာ သေချာနေတာပဲကို ! ဘာလို့ ...."
" သူက Shijou ကောင်လေးတော့ ဟုတ်တယ် ဒါပေမယ့် Iori မဟုတ်ဘူး !"
"ဟင် ? ဒီလို တပုံစံထဲ Shijou ကောင်လေးတွေ ဘယ်နှစ်ယောက်တောင် ရှိနေတာလဲ?"
Iwaki နားထဲ ကြားနေရတဲ့ တိုးတိုး တိုးတိုး အသံတွေ ! အသံတွေဟာ ဟိုးအဝေးကြီးက လာနေသလိုလို ထင်မိစဉ်မှာပဲ အနီးနားကပ်ကြားလိုက်ရပြန်သလိုလို ! အသံတွေဟာ ဝေးသွားလိုက် နီးလာလိုက် ! ဘယ်သူတွေလဲ ? ဘာတွေပြောနေကြတာလဲ ? Iwaki ဘာကိုမှ မည်မည်ရရ မတွေးတောနိုင်သေး ! သူ့ရဲ့ ပိတ်ကျနေတဲ့ မျက်လုံးတွေကို ဖွင့်နိုင်စွမ်း မရှိသေးသည့်အပြင် သူ့တကိုယ်လုံးက လှုပ်ရှားမရအောင် ထုံထိုင်းနေသလိုပင် !
တီးတိုးသံတွေဟာ ဝေးသွားလိုက် ပိုနီးလာလိုက်နဲ့ နောက်ဆုံး ပျောက်ကွယ်သွားပြန်သည် ! Iwaki တစ်ယောက် အမှောင်တိုက်တစ်ခုထဲမှာ ပိတ်မိနေသလို ခံစားနေရတယ် ! ဒါဘယ်နေရာလဲ ? အယုတ်စွဆုံး သူဘာဖြစ်ခဲ့တာလဲ ဆိုတာကို ပြန်စဉ်းစားဖို့ မတတ်နိုင်သေးသလိုလို ! သူ့ရဲ့ ထုံထိုင်းနေတဲ့ ခန္ဓာကိုယ်ဟာ ရုတ်တရက်အေးခဲလာသလိုပဲ !
အမှောင်ထုက သူ့ကို တဖြည်းဖြည်း စုပ်ယူဝါးမြိုသွားသည်ချည်း Iwaki ထင်နေတယ် ! သူဟာ သူမမှတ်မိနိုင်တဲ့ ဘဝတစ်ခုကနေ ထာဝရ ပျောက်ကွယ်သွားမည့် အခြေအနေမျိုး ... သူရဲ့ တည်ရှိမှုဟာ မည်သူ့ရဲ့ မှတ်ဉာဏ်အတွင်းမှာမှ ကျန်မနေခဲ့တော့ပဲ ပျောက်ကွယ်သွားတော့မလိုမျိုး ခံစားနေရတယ် !
မျက်ခွံတွေဟာ ကျောက်ဆိုင်ကျောက်သားပမာ အေးစက်တောင့်တင်းနေပြီး ဖွင့်နိုင်ပိတ်နိုင်စွမ်းတဲ့ အကျောဆိုင်တွေဟာ တောင့်တင်းအေးခဲကာ ဆိုင်းသွားကုန်ပြီထင်သည် !
YOU ARE READING
Unbreakable ( Unicode Version )
FanfictionThis is a cruse anymore but.....our love is unbreakable! The sequel of Love Legend! This story is my own story please enjoy~^ ^