"Kokonoe sama ပြန်လာပါပြီလား"
တောအုပ်အဝင် မုခ်ပေါက်ဝကို ဖြတ်တာနဲ့ Kokonoeရှေ့မှောက်မှာ ခရမ်းဖျော့ရောင် ခေါင်းလောင်းပန်းပွင့်လေးဟာ ခစားလျက် .....
" Tenri ! မင်းကို တာဝန်ပေးစရာရှိတယ် !"
Kokonoe ရဲ့ခရီးရောက်မဆိုက် စကားကြောင့် Tenri ဦးညွှတ်ထားရာက မော့ကြည့်လိုက်တယ် !
Kokonoe sama နဘေးမှာ ပါလာတာ ကျောက်စိမ်းရောင်တောက်တောက် ဝတ်ရုံနဲ့ လူရွယ် ! ထိုသူဟာ....
Tenri တစ်ယောက် အတွေးပွားနေစဉ်မှာပဲ Kokonoe က ဝတ်ရုံတလွှားလွှားနဲ့ ခန်းမဆောင်သို့ ချီတက်သွားတယ် ! သူ့ကြည့်ရတာ အလျင်လိုနေသလိုပဲ !
"ဒါ Kouzuki ! Ryujin sama ရဲ့ ဒုတိယသားတော် ! သူက မြောက်ပိုင်းကိုယ်စားလှယ်အဖြစ် လာခဲ့တာပဲ ! ဒါက Tenri ! ငါ့ရဲ့ ညာလက်ရုံးတပည့်"
ခန်းမဆောင်ထဲ ရောက်တာနဲ့Kokonoe က Tenri ကို Kouzuki နဲ့ မိတ်ဆက်ပေးတယ် !
"Ho~ Kokonoe sama ရဲ့ ညာလက်ရုံး? ! မထင်ထားဘူး ညီလာခံကိုတောင် ပါမလာတော့ကာ !"
"ကျွန်တော်မျိုး Tenri Kouzuki sama ကို ဂါရဝပြုပါတယ် !"
Tenri က သူ့ကို မှေးကျဉ်းတဲ့ မျက်လုံးတွေနဲ့ ကြည့့်ပြီး ခနဲ့တဲ့တဲ့ ပြောနေတဲ့ မြောက်ပိုင်းခေါင်းဆောင်ကြီးရဲ့ သားတော်ကို ဂါရဝပြုလိုက်တယ် ! စိတ်ထဲမှာတော့ အတွေးရေယဉ်ပေါင်းများစွာ ရှုပ်ထွေးလို့ ! မြောက်ပိုင်းက ကိုယ်စားလှယ်ဟာ ဘာလို့ သားတော် အငယ်ဖြစ်နေရသလဲ?
"မြောက်ပိုင်းအရေးဆွေးနွေးပွဲက ဘယ်လို အဖြေထွက်ခဲ့တယ် ထင်သလဲ Tenri!"
Kokonoe က Tenri ကို ကောက်ခါငင်ကာ မေးလိုက်တော့ Kouzuki ဟာ Tenri ကို မျက်လုံးတွေ မှေးကျဉ်းပြီး အကဲခတ်နေတယ် ! ညီလာခံကို လိုက်လာခဲ့ခြင်းမရှိတဲ့ သူက ဘယ်လိုအဖြေထွက်မလဲ သိနိုင်စရာ အကြောင်းမှ မရှိပဲလေ !
" ကျွန်တော်မျိုး စိတ်ထင် မြောက်ပိုင်းမှာ ထိပ်ပိုင်းခေါင်းဆောင်တွေ အပြောင်းအလဲဖြစ်တယ် ထင်မိတယ် !"
YOU ARE READING
Unbreakable ( Unicode Version )
FanfictionThis is a cruse anymore but.....our love is unbreakable! The sequel of Love Legend! This story is my own story please enjoy~^ ^