"Ama no Iwato ကို သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြင်သင့်တယ် Shijou Iori"
"ကျွန်တော် မပြင်နိုင်ဘူး"
သခင်မရှိတဲ့ တိတ်ဆိတ်တဲ့ တောအုပ်ရဲ့ အဝင် တံခါးမုတ်ပေါက်ဝမှာ Daikaku sama က ကျွန်တော့်ကို နားချနေသည်!
"Shijou Iori ! Ama no Iwatoကို မင်းက ဘယ်လိုနေရာထင်လို့လည်း? အဲ့ဒီ့နေရာဟာ လူသာမန်မပြောနဲ့ Kami sama တွေတောင် သွားဖို့လွယ်ကူတဲ့နေရာမဟုတ်ဖူး ! နောက်ပြီး မင်းသွားလို့ တခုခုဖြစ်ရင် Kokonoe မင်းအတွက် ပြစ်ဒဏ်တွေခံခဲ့တာ အချည်းအနှီး ဖြစ်မှာပဲ ! သေချာစဉ်းစားစမ်းပါ ! Kokonoe က ဘာအကျိုးအမြတ်မှ မရှိပဲ တသက်လုံး ပိတ်လှောင်ခံရတော့မယ်!"
"Kokonoe sama ကို ကျွန်တော်ရအောင်ကယ်ထုတ်မယ်! အဲ့ဒီ့နေရာကို ကျွန်တော်ရောက်အောင်သွားမယ် ! တကယ်လို့ ကျွန်တော် လမ်းမှာ အသက်ဆုံးရှုံးသွားတောင် ကျွန်တော့်ဝိဉာဉ်ဟာ ရောက်အောင်သွားမှာပဲ"
Daikaku ခေါင်းရမ်းလိုက်တယ် ! မျက်လုံးရှေ့က လူသားရဲ့ မိုက်ရူးရဲဆန်တဲ့ ခေါင်းမာမှုကို သူနားချဖို့ မတတ်နိုင်တော့သလိုပဲ! အခု သူ့ရှေ့မှာ ဒုတိယ Kokonoe ကို မြင်နေရသလို ခံစားနေရသည်!
"မင်းတို့နှစ်ယောက် သိပ်တူလွန်းတယ်"
"ဗျာ?"
"ရူးတာလေ အရူးတွေ!"
ကျွန်တော်ပြုံးလိုက်မိတယ် ! Daikaku samaရဲ့ မျက်နှာမှာ သူ့သူငယ်ချင်း Kokonoe sama အတွက် ခံပြင်းမှု မချင့်မရဲဖြစ်မှု စိုးရိမ်စိတ်ပူမှု တို့က အထင်းသားပေါ်လွင်နေသည်!
"Daikaku sama တစ်ခုလောက်တောင်းဆိုပါရစေ"
"ဘာလည်း?"
"ဒီအတောအတွင်း Tenri ကို စောင့်ရှောက်ပေးပါ"
ကျွန်တော် ရင်ခွင်ထဲပိုက်ထားတဲ့ အဖြူဆွတ်ဆွတ်ကြောင်လေးကို Daikaku samaဆီ ထိုးပေးလိုက်တယ်! ကြောင်လေးက တညောင်ညောင် အော်ရင်း မသွားချင်တဲ့ပုံနဲ့ ကျွန်တော့်ဝတ်ရုံကိုဆွဲကုတ်ထားတယ်!
BINABASA MO ANG
Unbreakable ( Unicode Version )
FanfictionThis is a cruse anymore but.....our love is unbreakable! The sequel of Love Legend! This story is my own story please enjoy~^ ^