"အ~"
ရင်ဘတ်ထဲက စူးကနဲ နာကျင်မှု တစ်ခုနဲ့ အတူ ကျွန်တော် လန့်နိုးလာတယ်!
ခန်းမဆောင်အလယ်မှာ ကျွန်တော် တစ်ယောက်ထဲ ..... အရာရာက သံသယဖြစ်ဖွယ်တိတ်ဆိတ်လို့နေသည်!
"Kokonoe sama?"
စောစောကတင် အိပ်မောကျနေတဲ့ Kokonoe samaက ဘယ်ရောက်သွားလည်း? ဒီလိုနဲ့ သူပျောက်သွားခဲ့မှာကို မသိပဲ ကျန်ခဲ့မှာ စိုးလို့ တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားခဲ့တာတောင် ကျွန်တော် မသိလိုက်ချိန်မှာ Kokonoe samaက မရှိတော့ဘူး!
ကျွန်တော် ကုတင်ပေါ်က အသာဆင်းလိုက်သည်အထိ ရင်ဘတ်ပေါ်က အမာရွတ်လေးဆီက ပူလောင်နေမှုက လျော့ပါးမသွားသေး!
ရင်ဘတ်ကို တင်းတင်းဆုတ်ရင်း ခန်းမဆောင်ရှေ့ထွက်လိုက်တော့ Tenri က အဝေးကို ငေးရင်း အသက်မဲ့သူလို ရပ်နေသည်!
"Tenri.....Kokonoe sama ရော?"
ကျွန်တော့်မေးခွန်းက အရမ်းများ ခက်ခဲသွားလား?
ကျွန်တော့်ကို လှည့်ကြည့်လာတဲ့ Tenri ရဲ့မျက်နှာမှာ ကျွန်တော် အဓိပ္ပာယ်ဖော်ဖို့ ခက်တဲ့ အမူအရာရှိနေတယ်! ကျွန်တော့်ရင်ထဲ စိုးရိမ်စိတ်က ပိုမို ကြီးစိုးလာသည်!
"Kokonoe sama ရော"
ကျွန်တော် ထပ်မေးလိုက်တယ် !
Tenri က တိတ်ဆိတ်နေသည်!
ရင်ဘတ်ကို ဆွဲဆုတ်ထားရင်း ခန်းမဆောင်ထဲက ထွက်လာပြီး မျက်လုံးဝိုင်းဝိုင်းနဲ့ မေးနေတဲ့ Iori ကို ဘယ်လိုပြန်ဖြေရမလည်း ? Tenri ဆွ့ံအနေတယ်!
Iori က တဖြည်းဖြည်းသူ့နားရောက်လာတယ်! သူ့မျက်ဝန်းထဲမှာ တချို့တဝက် ရိပ်မိနေပြီး Tenri ကို အတည်ပြုခိုင်းစေချင်ဟန်ရှိနေသည်!
"Tenri....Kokonoe sama....က..."
"အစည်းအဝေးသွားတာ ပြန်လာမှာ...."
"မညာနဲ့! မညာနဲ့!!!!!!!! "
Tenri အမှန်အတိုင်း မဖြေရက်လို့ ...... ဖုံးထားလို့မရနိုင်မှန်းသိလျှက်နဲ့ လွှဲဖြေခဲ့ပေမယ့်လည်း မရခဲ့ပါ!
![](https://img.wattpad.com/cover/207676964-288-k556811.jpg)
YOU ARE READING
Unbreakable ( Unicode Version )
FanfictionThis is a cruse anymore but.....our love is unbreakable! The sequel of Love Legend! This story is my own story please enjoy~^ ^