နေရောင်အကျဖက်ရောက်လာချိန် ယာယီစခန်းချထားတဲ့ တောအုပ်အစပ်မှာ စစ်သည်တို့ အစုလိုက်အစုလိုက် အနားယူစားသောက်နေကြသည်! ခပ်လှမ်းလှမ်း သစ်ငုတ်ကြီး တခုနားမှာ Kokonoe နဲ့ Tenri တို့ မြေပုံတစ်ခုကို ကြည့်ကာ ဆွေးနွေးနေတယ်! Tenri က မြေပုံပေါ်ကို ထောက်ရင်း ရှင်းပြနေသမျှကို Kokonoe က ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း အသာနားထောင်နေကာ တချက်တချက်မှာ မျက်မှောင်ကုတ်ရင်း ဝင်ဝင်ပြောသည်! သူ့ကြည့်ရတာ ဗျူဟာတွေ ဘာတွေကို သိပ်စိတ်မရှည်သလိုပဲ ! ဘီလူးတွေဟာ ဗျူဟာချနေရလောက်အောင် ဉာဏ်မကျယ်လို့လည်းတွေးထင်နေပုံရသည်! Kaname က ဘေးမှာ ရပ်ရင်း သူတို့ပြောသမျှ နားထောင်နေမိသည်! Kaname အနေနဲ့ အရန်တပ်မို့ မနက်ဖြန် ဒီနေရာမှာပဲ စခန်းချ ကျန်နေခဲ့မည်ဖြစ်ပြီး Kokonoe တို့ကတော့ ဘီလူးနယ်မြေထဲ ဆက်လက်ဝင်ရောက်မည်ဖြစ်သည်!
"Kokonoe sama ဒါဆို အခုအစီအစဉ်အတိုင်းပဲ အတည်ပြုလိုက်ရတော့မလား?"
သူ့ဆရာသမား Kokonoe က ဒီကိစ္စကို သံခင်းတမန်ခင်း လုပ်မနေပဲ တချီထဲ အပြတ်ရှင်းချင်နေတာကို သိထားတာကြောင့် Tenri က သတိထားပြီးမေးတယ်!
*sigh*
"အေးပေါ့"
Kokonoe က သက်ပြင်းရှည်တခုချရင်း စိတ်မပါသလိုပြောသည်! သူ့အနေနှင့် ဒီမှာ ညအချိန် တထောက်နားနေရတာကို စိတ်မရှည်တော့သည့်ပုံ နှင့် အခုတင် ရန်သူ့နယ်မြေထဲဝင်ပြီး ဘီလူးခေါင်းတွေအကုန် စီတန်းဖြတ်လာခဲ့ချင်နေပုံရသည်!
Kokonoe က ခေါင်းငြိမ့်တာနဲ့ Tenri က စာရွက်လိပ်တွေ သိမ်းပြီး နေရာက အမြန်ထွက်သွားတယ်! သူဘာလို့ ဒီလောက်မြန်မြန်ထွက်သွားတာလည်းဆိုတာ Kaname ရိပ်မိလိုက်သလိုပဲ! မဟုတ်ရင် Kokonoe sama စိတ်ပြောင်းပြီး ညတွင်းချင်းဝင်တိုက်မည်ဆိုသည့်အမိန့်ကို ချမှာ စိုး၍ဖြစ်မည်ထင်သည်!
နဘေးက ဖိုထားတဲ့ မီးဖိုလေးဟာ ညအချိန်ရောက်လာသည်နှင့်အမျှ အရှိန်ပိုကောင်းလာပြီး အလင်းရောင်ပိုတောက်လာတယ်! ပတ်ဝန်းကျင်မှာ ခပ်လှမ်းလှမ်းက စစ်သည်တို့ စကားပြောနေသံအပြင် မီးဖိုဆီက တဖျစ်ဖျစ် မြည်သံလေးပဲ ကြီးစိုးနေတယ်! Kaname ယာယီနားနေဆောင်ကို မပြန်သေးပဲ ဘာရယ်မဟုတ် Kokonoe ဘေးမှာပဲ ဆက်ထိုင်နေမိသည်!
![](https://img.wattpad.com/cover/207676964-288-k556811.jpg)
YOU ARE READING
Unbreakable ( Unicode Version )
FanfictionThis is a cruse anymore but.....our love is unbreakable! The sequel of Love Legend! This story is my own story please enjoy~^ ^