ပင်လယ် ပြာပြာ ၊ ကောင်းကင် ပြာပြာ တလောကလုံးကို အပြာရောင်တွေနဲ့ချည်း လွှမ်းခြုံထားခဲ့ရာက မကြာခင် ကမ်းကပ်တော့မည်မို့ ခပ်ဝေးဝေးက မှိုင်းညို့ညို့ အမိမြေကို လှမ်းမြင်နေရပြီဖြစ်သည်! သင်္ဘောကုန်းပတ်ပေါ်တွင် လူအများက မြင်နေရတဲ့ ကမ်းဆီ လှမ်းမျှော်ကြည့်ရင်း စကားသံတို့ ဆူညံနေတယ် !
နဘေးက လက်ဆွဲသေတ္တာကို ကောက်ဆွဲကာ Iwaki ထရပ်လိုက်တယ် ! ကာလရှည်ကြာ ခွဲခဲ့ရတဲ့ အမိမြေကို ခပ်ဝေးဝေးက လှမ်းမြင်ရုံနဲ့ Iwaki ရင်ခုန်မြန်လာသည်! ဝတ်ထားတဲ့ ကုတ်အကျီကို အသာဆွဲချရင်း ခုန်မြန်နေတဲ့ နှလုံးကို ငြိမ်လိုငြိမ်ငြား အသက်ကို ပြင်းပြင်းရှုသွင်းလိုက်တယ် !
လေထု .....
ရှုသွင်းလိုက်တဲ့ လေထုထဲ ချယ်ရီရနံ့တွေပါလာသလိုပဲလို့ အာရုံထဲ ထင်မိအောင်ကို အမိမြေကို Iwaki လွမ်းနေခဲ့သည်! အဲဒီ့နောက် ဒီနှစ် သတ္တပတ်လုံး စိတ်နှလုံးတစ်ခုလုံးကို ဖုံးလွှမ်းထားခဲ့တဲ့ အမိမြေတစ်နေရာက ခရမ်းဖျော့ရောင်လေးကိုလည်း တွေ့ချင်လှပြီဖြစ်သည်!
__________ Unexpectable ___________
"Kokonoe sama ဒါ ဒီနေ့ အစည်းအဝေးပွဲ မှာ တင်ပြဖို့ အကြောင်းအရာတွေပါ ! မြောက်ပိုင်းအရေးကို Izanagi sama က စေ့စေ့ဆိုင်ဆိုင်ဆွေးနွေးမယ်လို့ပဲ ဆုံးဖြတ်ထားတဲ့အတွက် ဆွေးနွေးပွဲမှာ တက်ရောက်ဖို့ ဖိတ်ရမယ့် လူစာရင်းကို ကျွန်တော် ပြုစုထားပါတယ် !"
"အေး ကောင်းပြီ Tenri ! ဒါနဲ့ မင်းရောဘယ်လိုထင်လဲ? ငါကတော့ ဒီဆွေးနွေးပွဲကို အရာထင်မယ်လို့ကို မထင်တာ ! တခါတခါ Izanagi sama က ဘာတွေတွေးမှန်း မသိဘူး ! စေ့ဆိုင်ဆွေးနွေးလို့ အဖြေထွက်လာမှာ မဟုတ်မှန်း သိသားနဲ့ကို ..."
Kokonoe က Tenri ပေးတဲ့ စာရွက်လိတ်က နာမည်စာရင်းကို တချက်ကြည့်ရင်း မကျေမနပ်ပြောနေတယ် ! သူ့အနေနဲ့ စားပွဲဝိုင်းထိုင်ဆွေးနွေးတာမျိုးကို အင်မတန် စိတ်မရှည်သလိုပဲ!
![](https://img.wattpad.com/cover/207676964-288-k556811.jpg)
YOU ARE READING
Unbreakable ( Unicode Version )
FanfictionThis is a cruse anymore but.....our love is unbreakable! The sequel of Love Legend! This story is my own story please enjoy~^ ^