အမွှာညီအကိုရဲ့ မွေးနေ့ပွဲကတော့ သူမတူအောင်ပင် ! Tengu ခေါင်းဆောင်ကြီးရဲ့ သားနှစ်ယောက်ဖြစ်သည့်အပြင် အကိုတွေ ၊ ဦးကြီး ၊ ဦးလေးတွေကလည်း အဆင့်မြင့် kami sama များရဲ့ ကိုယ်ရံတော် ၊ သေနာပတိ ၊ မှူးကြီး မတ်ကြီး များဖြစ်သည့်အလျှောက် Kami sama များစွာတို့လည်း တက်ရောက်ချီးမြှင့်ကြတယ်! အထူးသဖြင့် မထင်မှတ်ပဲ Daikaku sama ပါ ကြွချီလာတဲ့အတွက် ပွဲက ပိုပြီး ကြီးကျယ်ခန်းနားနေလေသည်!
Jugo ရော Junichiro ဟာ စားသောက်ပွဲဝိုင်းတွေကို ဝိုင်းကြီးပတ်ကာ ကနေကြတယ်! အားလုံးက Tengu ခေါင်းဆောင်ကြီးရဲ့ သားအငယ်ဆုံးတွေ ကျန်းမာသန်စွမ်းကြောင်း ချီးမွမ်းပြောဆိုနေကြလေသည်!
Tengu ခေါင်းဆောင်ကြီး Zenki က ထိပ်ဆုံးက တသီးတသန့်ပြင်ဆင်ထားတဲ့ စားပွဲဝိုင်းမှာ ထိုင်ရင်း ဆေးတံကို ဖွာကာ ခေါင်းတငြိမ့်ငြိမ့်နှင့် ဘေးက Daikaku sama နဲ့ နှစ်ယောက်သား စကားလက်ဆုံကျနေကြသည်!
Kaname တစ်ယောက် Daikaku sama ရဲ့ မျက်နှာချင်းဆိုင်မှာ အသာဝင်ထိုင်ရင်း ငြိမ်နေမိသည်!
သခင် စိတ်တော် ပိုငြိုငြင်မှာ စိုး၍အသံတိတ်ကာ သခင်ကို မရဲတရဲပဲ ကြည့်ကာနေရတယ်!
"Kaname တိတ်လှချည်လား? အင်း မင်းကတော့ ဒီတိုင်းပါပဲလေ ! Daikaku sama ရေ ကျုပ်သားရဲ့ တုံနှိဘာဝေကို ဘယ်သူမှ လိုက်မမှီဘူးဗျ! အပါးတော်မှာ အဆင်ရော ပြေရဲ့လား?"
ဖခင် ရဲ့ အမေးကို Daikaku sama ဘယ်လိုတုန့်ပြန်မလဲ Kaname စိတ်လှုပ်ရှားမိတယ်!
မိမိအပေါ် သခင့်ရဲ့ မှတ်ချက် ! ကောင်းသည်လား? ဆိုးသည်လား? အဖြေကို စောင့်ဆိုင်းရတာ ကိုယ်ရံတော် တပ်မှူး အရည်အချင်းစစ် စာမေးပွဲမှာ အအောင်အကျ စောင့်မျှော်ခဲ့ရသည်ထက် ပိုစိတ်လှုပ်ရှား ပိုစိုးရိမ်ပူပန်မိသည်!
ကြည့်နေရင်း Daikaku samaရဲ့ နီစွေးစွေး နှုတ်ခမ်းပါးနှစ်လွှာဟာ အသာဖွင့်ဟလာတယ်! သူ့ရဲ့ မြစိမ်းရောင် မျက်ဝန်းဟာ Kaname ရဲ့ မဲနက်နက် မျက်ဆံတို့နဲ့ စက္ကန့်အနည်းငယ် ဆုံလို့သွားပြီးနောက်.....
"သူ အရမ်းတော်ပါတယ် ! အားလည်းကိုးရတယ် ! တစ်ခုပဲ...."
ပထမတော့ သခင့်ရဲ့ ချီးကျူးမှုကြောင့် Kaname နှလုံးဟာ အမြင့်ဆုံးကို တရှိန်ထိုး မြောက်တက်သွားသလို ခံစားလိုက်ရတယ် ! ပထမဆုံး အပျံသင်စအရွယ်ကလိုပေါ့ ! ဒါပေမယ့် "တစ်ခုပဲ..." ဆိုတဲ့ နောက်ဆက်တွဲ စကားကြောင့် ချောက်ကမ်းပါးစွန်းမှာ ရပ်နေရသလို ဖြစ်လာပြန်သည်!
![](https://img.wattpad.com/cover/207676964-288-k556811.jpg)
STAI LEGGENDO
Unbreakable ( Unicode Version )
FanfictionThis is a cruse anymore but.....our love is unbreakable! The sequel of Love Legend! This story is my own story please enjoy~^ ^