အရုဏ်တက်ခါနီး တောအုပ်ဟာ တိတ်ဆိတ်လျက်ရှိသည် ! အရှေ့တောင်တန်းများဆီက ပြူထွက်စ နေရောင်ဟာ တောအုပ်ရဲ့ အုပ်ဆိုင်းတဲ့ အစိမ်းမှောင်ထုထဲ တိုးဝင်ဖို့ရာ မစွမ်းသာသေးတာကြောင့် တောအုပ်ဟာ ပိန်းပိတ်အောင်မှောင်ဆဲပင် ! Tenri နဲ့ Kouzuki တို့ တောအုပ်ထဲ Iwaki ပြောတဲ့အတိုင်း တောင်ဖက်စူးစူးသို့ သတိနဲ့ ချဉ်းနင်းဝင်ရောက်လာခဲ့တယ် !
" Shijou ကောင်လေးပြောတာ တောင်ဖက်စူးစူးပဲတဲ့လား ?"
"ဟုတ်တယ် ! တော်တော်လိုက်ရတယ်ပြောတယ် ! "
"အဟက် အဲဒီ့ကောင်လေး ဒီအထိ တစ်ယောက်ထဲ စွတ်စွတ်ရွတ်ရွတ် နောက်ယောင်ခံလိုက်ရဲတာ အံ့မခန်းပဲ "
" ဘာမှ အံ့မခန်းဘူး အလကားအရဲကိုးနေတာ သူ့ဦးနှောက်ထဲက ကိုယ့်ကိုကိုယ်အထင်ကြီးလွန်းတဲ့ အရူးပိုးကို ဘယ်လိုမှ ထုတ်ရမှာမဟုတ်ဘူး !"
Tenri က အခုတော့လည်း သူမဟုတ်သလို Iwaki ကို တဗျစ်တောက်တောက်နဲ့ အပြစ်တင်နေပြန်သည် ! Kouzuki ပြုံးလိုက်မိတယ် ! Iwaki သာ နိုးလာခဲ့ရင် Tenri ရဲ့ နားပူအောင် ငေါက်တာကို ခံရအုံးမှာ အသေအချာပဲဆိုတာ Kouzuki သိတယ် !
မကြာမှီတောအုပ်ထဲ သစ်ပင်တို့ ပိုပို အုံ့ဆိုင်းလာပြီးနောက် သစ်မြစ်တွေ လိမ်ယှက်နေတာ လမ်းသွားဖို့ပင် မလွယ်ကူတော့တဲ့ အနေအထားသို့ရောက်ရှိလာတယ် !
လမ်းရဲ့ အခြေအနေကိုကြည့်ပြီး Tenri ဒေါသထွက်လာပြန်တယ် ! Iwaki ဆိုတဲ့ ကောင်ဟာ တကယ်ကို ထင်တလုံးနဲ့ စွတ်လုပ်တာပဲ ! ပြောစကားဘယ်တော့မှ နားမထောင်သလို သတ်မှတ်ထားတဲ့ စည်းကမ်းမှန်သမျှ လွယ်လွယ်ဖောက်ဖျက်ပစ်တာ မုန်းစရာကောင်းသည် !
"Iwaki လောက် မုန်းစရာကောင်းတဲ့ လူသားမရှိဘူး !"
" humm~"
Tenri ဒေါသထွက်ထွက်နဲ့ ရေရွတ်လိုက်တော့ Kouzuki ဆီက ခနဲ့တဲ့တဲ့သံလေးထွက်လာတယ် ! Tenri နားရွက်တွေ ရဲသွားပြီး ...
YOU ARE READING
Unbreakable ( Unicode Version )
FanfictionThis is a cruse anymore but.....our love is unbreakable! The sequel of Love Legend! This story is my own story please enjoy~^ ^