"မေ..မေ"
ကျွန်တော့် မျက်လုံးတွေကိုတောင် မယုံနိုင်လောက်အောင် မေမေက အခန်းတံခါးဝမှာ ရပ်လို့နေတယ်! မေမေ အမြဲဝတ်နေကျ Shijou အိမ်တော်ရဲ့ အဆင့်အတန်းကို ဖော်ပြနေတဲ့ အထက်တန်းစား ကီမိုနိုနဲ့ အတူ မေမေမျက်နှာမှာ အမြဲမြင်တွေ့နေရ နေကျ စူးရှ ထက်မြက်တဲ့ အမူအရာတစ်ခု ! ပြတ်သားမှု ရှိတဲ့ နှုတ်ခမ်းပါးတစ်စုံကတော့ အနည်းငယ်ပြုံးရောင်သန်းနေသလို.....ဒါကတော့ ကျွန်တော် စိတ်ထင်တာပဲဖြစ်လိမ့်မည်!
"သား Iori "
အနည်းငယ် နူးညံ့သယောင်ရှိတဲ့ မေမေ ဆီကခေါ်သံကြောင့် ကျွန်တော့်ရင်ထဲ လှိုက်ကနဲ တစ်ချက် ခံစားလိုက်ရသည်!
"မေမေ မေမေ သားဆီကိုလာတယ်!!!!"
ကျွန်တော် မေမေကို အပြေးဖက်လိုက်မိတယ်! မေမေက ကျွန်တော့်ကိုယ်လေးကို အသာထိန်းပွေ့ထားရင် ကျွန်တော့်ကျောပြင်ကို အသာအယာ ပွတ်သပ်ပေးနေတယ်! ငယ်စဉ်ကတည်းက အကိုရခဲ့သလို မရခဲ့တဲ့ မေမေဆီက နွေးထွေးမှုတွေ ကျွန်တော်အခု လက်ခံရနေတာလား? ဒါအိမ်မက်တစ်ခုမဟုတ်တာကတော့ အသေအချာပင်ဖြစ်သည်! ကျွန်တော် ဝေ့ဝဲလာတဲ့ မျက်ရည်တွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း မေမေ့မျက်နှာကို မော့ကြည့်နေမိသည်! မေမေက ကျွန်တော့်ပါးလေးနှစ်ဖက်ကို လက်ကလေးနဲ့ အသာအုပ်ပြီး ပြုံးပြတယ်!
ကျွန်တော် မျက်ဝန်းထဲမှာ မျက်ရည်တွေ ပိုပြည့်လာသလိုပဲ.....မေမေ့ရဲ့ ဂရုစိုက်မှုသေးသေးလေးကတောင် ကျွန်တော့်ရင်ကို ဗြောင်းဆန်အောင် ခံစားရစေသည်!
**Kokonoe sama ကျွန်တော်လေ အရမ်းဝမ်းသာတာပဲ ....မေမေလေ ကျွန်တော့်ဆီကို လိုက်လာတယ် Kokonoe sama နဲ့ မေမေကို မိတ်ဆက်ပေးချင်လိုက်တာ....**
အတွေးတိမ်တိမ်ပဲ တွေးတတ်တဲ့ ကျွန်တော် ....... အယောင်ဆောင်မှုတွေ နောက်ကွယ်က လှည့်ဖျားမှုတွေကို မမြင်တတ်ခဲ့ပါဘူး....
YOU ARE READING
Unbreakable ( Unicode Version )
FanfictionThis is a cruse anymore but.....our love is unbreakable! The sequel of Love Legend! This story is my own story please enjoy~^ ^