တောအုပ်က ထင်ထားတာထက် ပိုအုပ်ဆိုင်းတယ်! နေရောင်ခြည်အမြင့်ဆုံးအချိန်မှာတောင် တောအုပ်ထဲမှာ နေပြောက်သိပ်မထင် ! အရွယ်အစားလုံးပတ် တူညီတဲ့ သစ်ပင်ကြီးတွေ ခပ်စိတ်စိတ်ပေါက်ရောက်နေမှုကြောင့် ဒီနေရာတင် တဝဲလည်လည်ဖြစ်နေသည်ဟု ထင်ရသလို ဆင်တူသစ်ပင်တွေကြား မျက်စိလည်နိုင်သည်! ဒါကြောင့် ကျွန်တော်လည်း လက်ထဲက ဓားတိုနဲ့ ဖြတ်သန်းလာတဲ့ သစ်ပင် ပင်စည်တွေမှာ အမှတ်အသားတွေ ပြုလုပ်ခဲ့တယ်!
အလင်းရောင်ရှိတုန်း ခရီးရောက်သလောက်သွားမှ ဖြစ်မယ်! ညအမှောင်ဆို ကျွန်တော် ခရီးဆက်နိုင်မည်မထင်! ဒါကြောင့် တတ်နိုင်သလောက် ခပ်သွက်သွက် ကြိုးစား သွားရသည်! လက်ထဲက သံလိုက်အိမ်မြှောင်လေးကို ကြည့်ရင်း နီးစက်ရာ သစ်ပင်တွေကို သေချာမှတ်သားရင်း ချွေးတို့ရွှဲနစ်ပြီး ခြေထောက်တွေ မသယ်ချင်ဖြစ်လာပေမယ့် ကျွန်တော် ဆက်သွားနေမိတယ်!
"တောအုပ်ထဲရောက်ရင် မြောက်ဖက်စူးစူးကိုသာ သွား"
Daikaku sama ရဲ့ အမှာစကား ......
ကျွန်တော် တောထဲ ခြေချမိတာနဲ့ သံလိုက်အိမ်မြှောင်ကို တင်းတင်းဆုတ်ပြီး မြောက်ဖက်ကိုသာ စွတ်မှိတ်လာခဲ့သည်!
တောအုပ်ထဲ ပိုနက်ရှိုင်းစွာ ဝင်မိလေလေ သစ်ပင်တွေက ပိုထူထပ်လာပြီး မြေပြင်ကလည်း အမြစ်ဆုံတွေ သစ်ကိုင်းခြောက်တွေ ကျောက်တုံး ကျောက်ခဲတွေ နွယ်ပင်တချို့နဲ့ သွားလာရ ပိုခက်ခဲလာတယ်!
ကျွန်တော်တကိုယ်လုံးလည်း ခြစ်ရာပွန်းရာ ပလပွနှင့် ဖြစ်နေလေပြီ ! ပါးပေါ်က လက်လက်ဆတ်ဆတ်ခြစ်ရာ နှစ်ခုဆီ ချွေးစတွေ စီးကျတဲ့အခါ စပ်ဖျင်းဖျင်း ခံစားရတယ်!
ခုနေများ Kokonoe sama မြင်လို့ကတော့ ကျွန်တော့်ကို ခပ်လှမ်းလှမ်းကနေ မျက်ထောင့်နီနဲ့ကြည့်ပြီး "ပေပွ စုတ်ပြတ်နေတာပဲ Iori ! ဘယ်ချောင်တိုးပြီး ပြန်လာတာလည်း !" ဟူ၍ ၎င်း.... "ငြိမ်ငြိမ်နေစမ်း အငြိမ်မနေလျှောက်သွားတုန်းကသွားပြီး ခုမှ နာတယ်အော်မနေနဲ့ hump လူသားတွေ အားနွဲ့တယ် ထိခိုက်လွယ်တယ် မုန်းတယ်" ဟူ၍ ၎င်း တဗျစ်တောက်တောက် ရေရွတ်ရင်း ဒဏ်ရာတွေကို ကုပေးပေလိမ့်အုံးမည်!
CZYTASZ
Unbreakable ( Unicode Version )
FanfictionThis is a cruse anymore but.....our love is unbreakable! The sequel of Love Legend! This story is my own story please enjoy~^ ^