"အ...အားးးးးးးး~"
Okami တစ်ကိုယ်လုံး ဓာတ်လိုက်သလို ဖြစ်သွားပြီး ဂူနံရံဆီလွင့်စင်သွားတယ်!
"အဟွတ်.....ဟွတ်....ဘာလည်းဟ? ဒီ....ဒီလူက.."
Iori က တုတ်တုတ်မျှမလှုပ်..... အိပ်နေရင်း တစ်ဖက်ကို စောင်းလိုက်ပြီး Okami ငုံခဲလိုက်တဲ့ လည်ပင်းကို ကုတ်နေသေးတယ်! သူ့အထင် ခြင်ကိုက်တယ်လို့များ ထင်နေသလားမသိ!
Okami ကုန်းထလာပြီး ခပ်လှမ်းလှမ်းကနေ Iori ကို စီးမိုးကြည့်လိုက်တယ်!
Iori ရဲ့ ဘယ်ဖက်ရင်အုံမှာ အလင်းရောင်လေးထွက်နေတာ မြင်ရလေသည်!
"ဘာလည်းဟ?"
Okami က မျက်ခုံးတို့ တွန့်ကွေးလိုက်ပြီး Iori အကျီလေးကို အသာလှပ်ကြည့်လိုက်တယ်!
Iori ဘယ်ဘက်ရင်အုံမှာ လင်းလက်နေတဲ့ အမှတ်တံဆိပ်လေးတစ်ခု.......
"Kokonoe?"
Okami စဉ်းစားခန်းဝင်သွားတယ်! Kokonoe ရဲ့ ပိုင်ဆိုင်မှုက ဘာလို့ ဒီတောအုပ်ထဲက သူ့ရဲ့ ပိုင်နက်ထဲ ရောက်နေရသလည်း ဆိုတာပဲ! နောက်ပြီး ဒီလို တံဆိပ် ခတ်နှိပ်ထားတဲ့ ပိုင်ဆိုင်မှုဆိုတာ တော်ရုံအစွမ်းသတ္တိနဲ့ လုပ်လို့ရတဲ့အရာမဟုတ်....သာမန်အကာအကွယ် မန္တာန်ဆို ကိုယ်နဲ့အနီးအနား ပတ်ဝန်းကျင်မှာပဲ အစွမ်းသတ္တိရှိနိုင်သည်! အခုလို ပိုင်ဆိုင်မှု တံဆိပ်ကတော့ ဘယ်နေရာရောက်ရောက် အန္တရာယ်မှ ကာကွယ်နိုင်တဲ့ အကာအကွယ်တစ်ခုဖြစ်သလို ဒါမျိုးလုပ်မယ်ဆိုလည်း ကိုယ့်စွမ်းအား တဝက်လောက်ကို သုံးပြီး သူ့ဆီမှာ ထည့်ပေးထားရတာမျိုး.....အင်မတန်အရေးကြီးတန်ဖိုးထားတဲ့အရာမှ ဒီတံဆိပ်ခတ်နှိပ်ကြပြီး.... ဒီအရာဟာ လူသားဖြစ်နေတာ အံ့သြစရာကောင်းတယ်...အဲ့ဒီ့လူသားဟာ Kokonoe လို လူသားတွေကို မုန်းတီးတယ်လို့ နာမည်ကြီးတဲ့ မာနကြီးကြီး ဘဝင်ခပ်မြင့်မြင့် fox spirit ရဲ့ အဖိုးတန်ဖြစ်နေတာက ပိုအ့ံသြစရာကောင်းသည်!
YOU ARE READING
Unbreakable ( Unicode Version )
FanfictionThis is a cruse anymore but.....our love is unbreakable! The sequel of Love Legend! This story is my own story please enjoy~^ ^