Chapter 14

1.5K 211 2
                                    

အုပ်ဆိုင်းတဲ့ တောအုပ်ထဲမှာ အချိန်မည်၍ ခရီးမိုင်မည်မျှ ဖြတ်သန်းပြီးသွားပြီမှန်း မသိလောက်အောင်ကို ကျွန်တော်တို့ တိုးဝင်သွားနေကြတယ်! လမ်းဟူ၍ မရှိပဲ သစ်ပင်ကြီးတွေဘေးကနေ ရှောင်ကွင်းကာ နွယ်ပင်တွေကို ဖြတ်ပြီး တခါတခါ ဧရာမ ကျောက်တုံးကြီးတွေကိုလည်း ကုတ်ကပ်ကျော်တက်ရသည်လည်း ရှိသည်!

ကျွန်တော်တို့ လျိုမြောင်များကိုလည်း ဖြတ်သွားကြရပြီး ချောင်းငယ် မြစ်ပေါက်စတို့ကိုလည်း ဖြတ်ကျော်ရပြန်တယ်! ချောင်းတွေ ဖြတ်သည့်အခါတိုင်း Kuga kun က ရေတိမ်ပိုင်းကို ကောင်းကောင်းသိသည်!

Kuga kun ကား စကားသိပ်မပြောပဲ လမ်းကိုသာ တစိုက်မတ်မတ် ရှေ့ဆက်သွားနေသည်! ကျွန်တော်လည်း နောက်ကနေ ထပ်ကြပ်မကွာ လိုက်ရင်း Kuga kun ရဲ့ တောကျွမ်းကျင်မှုကို အံအားသင့်စွာ လက်ဖျားခါနေမိသည်!

"Kuga kun က ဒီတောကို တော်တော်ကျွမ်းကျင်တာပဲနော် "

"အင်း ဒါကတော့ ငါက ဒီတောထဲ ခဏခဏ လာနေကျဆိုတော့ "

Okami က သူဟာ ဒီတောအုပ်ကို အပိုင်စားတဲ့ Wolf Spirit ဆိုတာကို ထုတ်မပြောဖို့ ဆုံးဖြတ်ထားသည်မို့ Iori ကို ပြီးလွယ်အောင်ဖြေလိုက်တယ်!

"ကျွန်တော် ဒီတောအုပ်ကို လာတဲ့ လမ်းတလျှောက်လုံး မေးမြန်းလာသမျှ ဒီကို မသွားဖို့ ချည်းပဲ ပြောကြတယ်! သွားတဲ့ သူတိုင်း ပြန်လမ်းမရှိဘူးတဲ့ အရမ်းအန္တရာယ်များတယ်တဲ့ ! ဒါကြောင့် ကျွန်တော် Kuga kun နဲ့ ဒီလိုတွေ့ရလိမ့်မယ်လို့ ထင်ကို မထင်ခဲ့တာ"

"အင်း ဒါကတော့ ဘယ်သူမှ မရောက်တဲ့နေရာမျိုးမှာ ပိုရှားပါးတဲ့ ဆေးမြစ်တွေ ရှိတတ်တာ သဘာဝပဲလေ ..... နောက် ဘယ်သူမှ မရောက်တော့ ကိုယ်တစ်ယောက်ထဲ အပိုင်ပေါ့ မဟုတ်ဖူးလား Iori san"

"ဟုတ်သားပဲနော်.... ဒီလို စွန့်စားတော့ အကျိုးအမြတ်ပိုရတာပေါ့ Kuga kun က တကယ် တော်တဲ့သူပဲ.....စွန့်လည်း စွန့်စားရဲတယ်"

Iori က တတွတ်တွတ်ပြောရင်း Okami နောက်က ထပ်ကြပ်မကွာ လိုက်နိုင်အောင် ကြိုးစားနေသည်!

Okami Iori ကို မသိမသာစောင်းငဲ့ကြည့်တော့ Iori နှဖူးမှာ ချွေးစက်လေးတွေ သီးလို့....ချွေးစက်တချို့က အကင်းမသေသေးတဲ့ ပါးပေါ်က ခြစ်ရာတွေပေါ် စီးကျတဲ့အခါ စပ်ဖျည်းဖျည်းခံစားချက်ကြောင့် သူ့မျက်နှာက ရှုံ့မဲ့နေရှာတယ်! သူ့ရဲ့ တကိုယ်လုံး ချွေးတွေရွှဲပြီး အသေးအမွှား ပွန်းရာ ခြစ်ရာ ဒါဏ်ရာ ပလပွနဲ့ ပင်ပန်းနွမ်းနယ်နေပုံ ပေါက်နေပေမယ့် သူ့မျက်လုံးတွေက အရောင်တလက်လက်တောက်နေဆဲ....

Unbreakable ( Unicode Version )Where stories live. Discover now