°1°

44.4K 1.8K 60
                                    

Unicode

"ဟယ်လို လွိအာ၊ကိုယ်မနက်ဖြန် နေ့လည်စာစားဖို့လာခေါ်မယ်လေ။
.
.
ဒါပဲနော် ချစ်တယ်။ "

ချစ်သူလေးနဲ့ ဖုန်းပြောအပြီး အထက်မှ ချပေးလာတဲ့ လူစာရင်းဖိုင်တွဲကို လှန်လှောကြည့်လိုက်တယ်။
ရှောင်းကျန့်က ပေကျင်းမြို့စွန်က ရှန်းအယ်လို့အမည်ရတဲ့မြို့နယ်လေးရဲ့ စခန်းမှူး။
တစ်နည်းအားဖြင့် လူငယ်လေ့ကျင့်ထိန်းသိမ်းရေးစခန်းကို ကြီးကြပ်ရတဲ့ ရဲသားတစ်ယောက်။

လူငယ်လေ့ကျင့်ထိန်းသိမ်းရေးစခန်းဆိုတာ အသက်မပြည့်သေးတဲ့ ရာဇဝတ်သားပေါက်စလေးတွေကို ပြုပြင်ပေးတဲ့နေရာ။ ခိုးဆိုးလုယက်မှု၊မူးယစ်ဆေးသုံးစွဲမှု စတဲ့အမှုတွေက အဖြစ်များဆုံးပေါ့။

ပေကျင်းတရားရုံးကအမိန့်ချမှတ်လိုက်တဲ့ ကောင်လေး၂ယောက် ဒီနေ့ညနေစခန်းသို့ရောက်လာကြမည်။နှစ်ယောက်လုံးကအသက်ပြည့်ပြီးသား ၂၂အရွယ်ဆိုပေမယ့် အသိုင်းအဝိုင်းကြီးကြီးထဲကမို့ ထောင်ကိုမပို့ပဲ လေ့ကျင့်ရေးစခန်းသို့လွှတ်လိုက်တာဖြစ်တယ်။

"ဝမ်ရိပေါ်၊ ကျန်းဖန်းရှင်း "

"အသက်ကလေးကဖြင့်၂၂ ၂၃လောက်ကို မလိမ္မာကြတာပဲ။ဒီလောက် ရွှေလင်ဗန်းနဲ့အချင်းဆေး၊ ရွှေဇွန်းကိုက်ပြီး မွေးလာတာတောင် အေးအေးဆေးဆေးမနေကြဘူး။ "

"ကဲ မင်းပြောနေလို့လဲ ဘာထူးလဲ ဟေ့ရောင် "

တံတောင်နဲ့တွတ်ပြီးပြောလာတဲ့ ယွီပင်းကို မျက်စောင်းခဲလိုက်ပြီး

"အလုပ်ရှုပ်တာပေါ့ကွာ၊"

"အဲ့ထဲက ဝမ်ရိပေါ်က YAMAHA ကုမ္ပဏီရဲ့ တစ်ဦးတည်းသောသား၊ ကျန်းဖန်းရှင်းကျ ညီအစ်ကိုဝမ်းကွဲတော်တယ်ထင်တယ်။ "

"ပိုက်ဆံရှိတော့ရော ဘာလုပ်ရမလဲ၊အကျင့်စရိုက်က စုတ်ခြာနေတာကို။ "

ဖိုင်တွဲကို စားပွဲခုံပေါ်ပစ်ချပြီး ယွီပင်းနဲ့ နှစ်ယောက်သား နေ့လည်စာစားဖို့ထွက်လာခဲ့ကြတော့တယ်။

.........

ရှောင်းကျန့်နဲ့ ယွီပင်းက ရဲသားသင်တန်းကတည်းကခင်မင်လာကြတာ။

Love Prison 🚨Where stories live. Discover now