Unicode
"နှစ်ဦး နှစ်ဖက် ပြစ်မှုကျူးလွန်ကြောင်းထင်ရှားသည့်အတွက် ဝမ်ရိပေါ်ကို တိုက်ပိတ်ပြစ်ဒဏ် ၅ရက်ပေးစေ။ "
တရားသူကြီးရဲ့ပြစ်ဒဏ်ကိုကြားပြီးမှပဲ ရှောင်းကျန့်မှာ သက်ပြင်းချနိုင်တော့တယ်။ပြစ်မှုလျော့ပေါ့စေဖို့ သူ့မှာ သေသေကြေကြေကြိုးစားခဲ့ရတာ။
လန်ထျန်းယီက ခြေထောက်တစ်ဖက်ကျိူး၊ နဖူးပေါက် မျက်ခုံးကွဲ စသဖြင့်ထိခိုက်သွားရတာမို့ ဆေးရုံမှာ တစ်လကျော်လောက်နေရမည်။ဒဏ်ရာတွေသက်သာလာမှ တခြားထိန်းသိမ်းရေးစခန်းတစ်ခုဆီပြောင်းရမည်ဖြစ်သည်။
ရိပေါ်တို့ ရန်ဖြစ်တဲ့နေရာက အဆောင်လာတဲ့လမ်းမှာမို့ စီစီတီဗီ ရှိနေပြီး ဖြစ်စဉ်အစဆုံးကိုပြန်လိုက်နိုင်ခဲ့တယ်။ဒါ့အပြင် စခန်းက ကလေးတွေကလဲ လန်ထျန်းယီဟာ ဝမ်ရိပေါ်ကို အရင်ကတည်းက ရန်စတတ်ကြောင်း ထွက်ဆိုပေးတာမို့ ရိပေါ်အပြစ်တွေအတော်လေးလျော့ကျသွားတာဖြစ်တယ်။
ပုံမှန်ဆို ချုပ်ရက်ထပ်တိုးရင်တိုး မဟုတ်ရင်ရိပေါ်ကိုအကျဉ်းထောင်သို့ပို့မည်ဖြစ်သည်။အကြောင်းကရိပေါ်က အသက်ပြည့်ပြီးသား ကောင်လေးမို့။
ဒါကြောင့်မို့လဲ ရှောင်းကျန့်မှာ တိုက်ပိတ်ပြစ်ဒဏ်လောက်နဲ့ ပြီးဆုံးစေနိုင်ရန် ကြိုးစားခဲ့ရတာ။
"လက်ထိပ်မခတ်နဲ့ သူ့ကို ငါကိုယ်တိုင်ခေါ်သွားမယ်။"
"ဟုတ်ကဲ့ ဆရာ။ "
စခန်းမှူးကိုယ်တိုင် လှုပ်ရှားသည့်အတွက် လက်အောက်ငယ်သားတွေမှာ ပြန်မလှန်ရဲ။
ကျန်းဖန်းရှင်းက ရိပေါ်ဘေးနားပြေးကပ်ကာ သူ့နောက်ကနေ တူတူလိုက်လာတယ်။"ရိပေါ် ကော နေ့တိုင်းလာခဲ့မယ်နော်။ "
"မလိုဘူး။ "
ဂျစ်တိုက်တဲ့ဉာဉ်ကတော့ ပျောက်မသွားသေး၊ ရှောင်းကျန့် လှည့်ကြည့်လိုက်တဲ့အခါ စူးစူးစိုက်စိုက်ပြန်ကြည့်နေတဲ့ ရိပေါ်နဲ့တိုးတယ်။
ရိပေါ်ရဲ့ မျက်ဝန်းတွေက အခင်းဖြစ်တုန်းက သူ့ကိုလှမ်းကြည့်နေတဲ့ မျက်ဝန်းတွေနဲ့ မတူ။