Unicode
"ဟေ့ရောင် ဝမ်ရိပေါ်ဆိုတဲ့ကောင်နဲ့ စခန်းမှူးတို့ ကြိတ်စားနေကြတယ်တဲ့ သိကြလား"
ကွင်းပြင်ထဲနေပူဆာလှုံဖို့ထွက်လာကြတုန်း ရိပေါ်မကြားကြားအောင် တီးတိုးပြောနေကြတာဖြစ်တယ်။
ပုံမှန်ဆို စခန်းက ကလေးတွေအားလုံး ရိပေါ်လက်အောက်ပြားပြားဝပ်နေပြီးသား။
လွန်ခဲ့တဲ့တစ်လကစလို့ အသစ်ရောက်လာတဲ့ ကျောင်းသားလူမိုက်က လူမိုက်ခေါင်းဆောင်လုပ်ကာ အသိအသာကြီးဆိုးသွမ်းနေတာဖြစ်တယ်။ကောင်းကင်တစ်ခုတည်းမှာ နေနှစ်စင်းရှိလို့မရဘူးဆိုသလိုပေါ့။
ထျန်းယီလို့ခေါ်တဲ့ ထိုကောင်လေးက အကြမ်းဖက်ကျူးလွန်မှုနဲ့ စခန်းထဲရောက်လာတာ။ရောက်လာကတည်းက ဆောင့်ကြွားကြွားနဲ့၊ ကလေးတွေအားလုံးက သူ့ကိုကြောက်ရ ရိုသေရတယ်။ရိပေါ်ကတော့ ဘယ်သူ့ကိုမှစောက်ဂရုမစိုက်တဲ့ဉာဉ်လေးကြောင့် လူမိုက်ခေါင်းဆောင်ပဲဖြစ်ဖြစ် အဖတ်တော့လုပ်မနေ။
ဒါကိုပဲ ထိုကောင်လေးက ဝမ်ရိပေါ်ကိုလာလာခလုတ်တိုက်တယ်။
ကိုကိုနဲ့တွေ့ပြီးနောက်ပိုင်း လူလိမ္မာလေးဖြစ်အောင်ကြိုးစားနေတာမို့ မသိချင်ယောင်ဆောင်ထားပေမယ့်
နှဲ့ပါများရင် ယိုင်လာသလိုမျိူး တစ်ခါတစ်လေတော့ဒေါသထွက်တယ်။အရင်ကဆို ရိပေါ်ကိုပဲမထိခလုတ် ထိခလုတ်ပြောတတ်တာဖြစ်ပြီး ခုတော့ ကိုကို့ကိုပါဆွဲထည့်နေတာ။
အရင်တစ်ပတ်က စားသောက်တန်းမှာ ကိုကိုနဲ့ရိပေါ်တို့ ရင်းနှီးနေတာကိုမြင်ပြီး ခုလိုအပုပ်ချနေတာဖြစ်တယ်။လက်သီးကိုတင်းတင်းဆုပ်ထားပေမယ့် ပုခုံးကိုလာပုတ်တဲ့ ဖန်းရှင်းကောကြောင့် စိတ်ကိုလျော့ပစ်လိုက်တယ်။
"ရိပေါ် လာ ကောတို့ စာကြည့်တိုက်သွားရအောင်.."
"ဇာတ်တူသားစားရင် သေတတ်တယ်နော်.."
ထွက်လာတဲ့ ရိပေါ်မကြားကြားအောင်ပြောနေပြန်တာမို့ နောက်လှည့်ဖို့ပြင်လိုက်ပေမယ့် ကောကအတင်းဆွဲနေတာမို့ စာကြည့်တိုက်ဆီ ပါသွားရတယ်။
ရိပေါ်မှာ ဒေါသတွေထွက်လွန်းလို့ မျက်နှာရောနားရွက်ပါနီရဲနေတယ်။
ဖန်းရှင်းက ရေတစ်ခွက်ခပ်လာပြီးရိပေါ်ကိုကမ်းပေးတယ်။