°19°

17.4K 1.3K 86
                                    

ဆေးရုံဆင်းပြီး နောက်နှစ်ရက်လောက်အကြာမှာတော့ ရိပေါ်ကအိတ်နှစ်လုံးကိုဆွဲလို့ ရှောင်းကျန့်တိုက်ခန်းဆီရောက်ချလာတယ်။

ကြားထဲမှာ ရှောင်းကျန့်လိုက်နေတဲ့အမှုက ပြီးသွားပြီးမို့ ခွင့်ရက်လေးရတုန်းအိမ်မှာနားနေတာဖြစ်တယ်။

"ရိပေါ် ဘာဖြစ်လာတာလဲ၊ အဖေနဲ့ရန်ဖြစ်လာတာလား၊ မနက်စာရောစားပြီးပြီလား"

ရိပေါ်ကအိတ်နှစ်လုံးကို ဆိုဖာဘေးချလိုက်ပြီး ဝင်ထိုင်လေတယ်။

"မနက်ဖြန် Campဝင်ရပြီ ။"

ကော်ဖီဖျော်နေတဲ့ ရှောင်းကျန့်လက်လေးတွေ ရပ်တန့်သွားတယ်။

"ရိပေါ် နေသိပ်မကောင်းသေးရင် မဝင်ပါနဲ့ဦးလား၊ဟိုထဲမှာ အရမ်းပင်ပန်းမှာ၊ ကိုယ်ခံအားမကောင်းရင်.."

"မဝင်ရင် စာသင်နှစ်တစ်နှစ်စာလွတ်သွားမှာပေါ့၊ မြန်မြန်ကျောင်းပြီးတော့ ကိုကို့အနားမှာနေဖို့အချိန်ပိုရတာပေါ့ မဟုတ်ဖူးလား"

ရိပေါ်က ထိုင်နေရာကနေထလာပြီး ရှောင်းကျန့်ကိုထွေးပွေ့ထားတယ်။
ဂုတ်သားကိုတဖွဖွနမ်းနေပေမယ့် ရှောင်းကျန့်စိတ်ထဲမှာတော့ အတော်လေးဝမ်းနည်းနေမိတာ။

ရဲသင်တန်းကျောင်းက တခြားကျောင်းတွေနဲ့မတူ၊
စာသင်နှစ်၂နှစ်တက်ရမည်ဖြစ်ပြီး ကျောင်းကcampမှာပဲနေခိုင်းပြီး အိမ်ပြန်ခွင့်မပြု။
ပိတ်ရက်ကလဲတစ်နှစ်လုံးမှ ၅ရက်ထဲရယ်။
ဖုန်းအဆက်သွယ်ကလွဲလို့ ရိပေါ်နဲ့ဝေးနေရတောမှာ။

"ကိုကို!!? "

"အော် အင်း "

"ဘာတွေတွေးနေတာလဲ ဒီလောက်အနားကပ်ပြီးပြောနေတာတောင် "

"မဟုတ်ပါဘူး၊ ရိပေါ် ကျောင်းမှာအဆင်ပြေပါ့မလားလို့ "

"အိုက်ယား ကိုကိုက ကျွန်တော့်ကိုအထင်သေးလို့၊ လုပ်မယ်လို့ဆုံးဖြတ်ထားရင် ဖြစ်အောင်လုပ်တဲ့ကောင်ပါဗျ။ "

"အင်းပါ ဟုတ်ပါပြီ။ "

ရိပေါ်ဘက်ကိုလှည့်လိုက်ပြီး လည်ပင်းလေးကိုဆွဲကာဖက်ထားလိုက်တယ်။ရိပေါ်မေးဖျားက သူ့ပုခုံးပေါ်တင်ထားပြီး လက်တွေက သူ့ခါးကိုပွေ့ဖက်ထားတယ်။

Love Prison 🚨Where stories live. Discover now