မင်းနဲ့တွေ့ဆုံစေခဲ့တဲ့ရေစက်ကလေးကိုရော၊
ရဲရဲဝံ့ဝံ့နဲ့ မင်းကိုရွေးချယ်နိုင်စေခဲ့တဲ့ ကံကြမ္မာကိုရော၊
ငါ့မှာကျေးဇူးတင်မဆုံးပါပဲ။ရှောင်းကျန့်လာပေးပြီးနောက်ပိုင်း ရိပေါ်ရဲ့အခြအနေကတိုးတက်လာပါတယ်။
တစ်လျှောက်လုံးဆိုးသွမ်းလာခဲ့တဲ့ သူဌေးသားလေးက ဒီလူမျက်နှာကိုမြင်ရမှ ကောင်းတဲ့အရာတွေချည်းလုပ်ချင်လာခဲ့တာ။
ဒီလူ့ဆီက သူ့အတွက်သီးသန့်နေရာလေး လိုချင်ခဲ့တာ။ဆေးရှိန်တက်လာချိန်တွင် ရိပေါ်က ဝုန်းဒုန်းကြဲမလုပ်ပဲ ကိုယ့်ကိုယ်ကိုချုပ်ထားသည်။
"ဘာမှမဖြစ်ဘူး ရိပေါ်၊ စိတ်ကိုလွှတ်ထား "
"အား!!!!! ဆေးပေး !! "
အသိစိတ်ပျောက်သွားပြီး အော်ဟစ်သောင်းကျန်းလာတော့တယ်။ ရှောင်းကျန့်က အပြေးလေးသွားပြီး ရိပေါ်လက်နှစ်ဖက်ကို လှမ်းကိုင်လိုက်ပေမယ့် ဆေးကြောင်နေတဲ့ ရိပေါ်က ကုန်းကိုက်ချလိုက်သည်။
"အာ့"
"စခန်းမှူး ရလား။ "
"ရတယ် ဆရာမ၊ ကြိုးချည်ဖို့လုပ် "
ရှောင်းကျန့်လက်ကို အတန်ကြာကိုက်ခဲပြီးမှ လွှတ်ပေးတာမို့ သွားရာကအထင်းသား။
စိတ်ကြိုက်အော်ဟစ်သောင်းကျန်းပြီးသွားတော့ ဆေးပြယ်ပြီး မိန်းမောစပြုလာတယ်။
"ဆရာမ ဆန်ပြုတ်ပေးပါ။ "
အသိစိတ်လေးပြန်ဝင်လာတာနဲ့ ရိပေါ်က ရှောင်းကျန့်ကို ငေးကြည့်တော့တာပဲ။
"အသီးအရွက်ဆန်ပြုတ်လို့ခေါ်တယ်၊ အားရှိတယ် အာ ဟ "
ကြောင်စာလောက်ပဲ စားတတ်တဲ့ရိပေါ်က ရှောင်းကျန့်ခွံကျွေးတဲ့ ဆန်ပြုတ်တစ်ပန်းကန်ကိုတော့ ကုန်အောင်စားပါသတဲ့။
ရိပေါ်ကို ရေတိုက်တော့ လက်ကကိုက်ရာကို မြင်သွားတယ်ထင်ပါ့။
"ကိုက်မိလိုက်တာလား။ "
"အင်း ပြီးမှ ဆေးထည့်လိုက်မယ်။ "
"သွေ့ပုချီ~ "
"အိပ်လိုက်တော့ ငါစောင့်နေပေးမယ်"