Unicode
ရိပေါ်တို့အခန်းရှေ့ရောက်တဲ့အခါ ရိပေါ်ကအခန်းပြင်တောင်ထွက်နေပြီဖြစ်တယ်။
လက်ထိပ်ခတ်ဖို့လုပ်နေတဲ့ အစောင့်ကို လက်ကာပြလိုက်ပြီး"မလိုဘူး၊ ငါပါလိုက်မှာ..။ "
ရှန်းအယ်မြို့ရဲ့ ထိန်းသိမ်းရေးစခန်းတွင် အဆောင်တွေနဲ့ ခပ်လှမ်းလှမ်းမှာ တစ်ထပ်အိမ်လိုအဆောက်အအုံတစ်ခုရှိတယ်။ထိုအိမ်ထဲမှာ အခန်းနှစ်ခန်းပဲရှိပြီး အခန်းတိုင်းမှာ သံတိုင်ကာပြတင်းပေါက်တစ်ခုကလွဲလို့ ဘာမှမရှိ။
တိုက်ပိတ်ပြစ်ဒဏ်အတွက် ဆောက်လုပ်ထားတဲ့အဆောက်အအုံပဲဖြစ်တယ်။
"မင်းတို့ဒီမှာပဲ စောင့်နေ "
"ဟုတ်ကဲ့ "
"၂၀၃၅ သွားကြမယ်၊ "
ရိပေါ်ကို သူနေရမယ့်အခန်းထဲလိုက်ပို့ပေးပြီး အသုံးအဆောင်တွေသုံးပုံသုံးနည်း ပြောပြလိုက်တယ်။
"ညဘက်ဆိုရင်တော့ မီးအလင်းမရဘူး ၊ ရော့ ဒါယူထား "
လက်နှိပ်ဓာတ်မီးအသေးလေးကို ရိပေါ်ထံကမ်းပေးလိုက်တယ်။
"ညဘက်လိုအပ်မှပဲသုံး ၅ရက်လောက်တော့ အသုံးခံမယ်ထင်"
ပြောလို့ပင်စကားမဆုံးသေး ဓာတ်မီးလေးကို ခင်းထားတဲ့ အိပ်ရာပေါ်ပစ်ချပြီး ရိပေါ်ကသူ့လက်တွေကိုဆွဲချုပ်ကာ နံရံနဲ့ဖိကပ်ပစ်ထားတယ်။
"၅ရက်လုံး မလာဘူးဆိုတဲ့ သဘောလား "
"သေချာပြောလို့မရဘူး၊ လန်ထျန်းယီ ကိစ္စ "
ရှောင်းကျန့်နှုတ်ခမ်းတွေကို ရိပေါ်က အမဲဖျက်သလို နမ်းရှိုက်လာတော့တယ်။ လက်တစ်ဖက်က လျောဆင်းလာပြီး ရှောင်းကျန့်ဘောင်းဘီဇစ်ကိုဖြုတ်နေတာမို့ အတင်းရုန်းရပါတယ်။
နှစ်ယောက်တည်းက ကိစ္စမရှိပေမယ့် အပြင်မှာ စောင့်နေတဲ့ ရဲသား၂ယောက်ရှိနေသည်လေ။
"အပြင်မှာ လူရှိတယ်။ ရိပေါ် မဆိုးစမ်းနဲ့ "
ရိပေါ်က ရှောင်းကျန့်ပုခုံးပေါ်ခေါင်းလေးမှီလာပြီး လည်ပင်းသားတွေကို ဖိကပ်ထားတယ်။
ခဏကြာမှလွှတ်ပေးပြီး