Unicode
"ကိုယ်တို့ လမ်းခွဲရအောင် လွိအာ၊ "
"နင် ဘာပြောတာ!! "
"ကိုယ်တောင်းပန်ပါတယ်၊ ဒါပေမယ့် "
လွိအာက လက်မြန်ခြေမြန်ရယ်၊ စကားဆုံးအောင်မပြောလိုက်ရခင်မှာပဲ ဖန်ခွက်ထဲရေနဲ့ကောက်ပက်လိုက်တာမို့ ရှောင်းကျန့်ရှောင်ချိန်တောင်မရလိုက်။
"၅နှစ်လုံးလုံး နင့်တစ်မျက်နှာပဲကြည့်လာတာ
နောက်ဆုံးတော့ ဒီလိုလမ်းခွဲခံရဖို့တဲ့လား""တောင်းပန်ပါတယ်"
"အကြောင်းအရင်းလေးပြောပါဦး၊ ဘာလဲ အချိန်မပေးနိုင်လို့ အလုပ်ရှုပ်..."
"ငါ ကောင်လေးတစ်ယောက်ကိုသဘောကျနေမိပြီ"
"ဖြန်း "
ရေစိုစက်လက်ပါးပြင်ထံ လက်ဖဝါးတစ်ခုဖြတ်ပြေးသွားတယ်။
"ကောင်းပြီလေ ၊ နင်တို့အချစ် မြဲနိုင်ပါစေလို့ဆုတောင်းပေးတယ်။ "
လွိအာက ချစ်သူသက်တမ်း ၃နှစ်ပြည့်တုန်းကပေးခဲ့တဲ့ လက်စွပ်ကိုကောက်ပေါက်ပြီး ကော်ဖီဆိုင်လေးမှ ထွက်ခွါသွားတော့တယ်။
နှစ်ပတ်ကျော်ရေစက်ကလေးက ၅နှစ်တာ ရေစက်ကို ဖြတ်တောက်နိုင်ခဲ့သည်အထိ။
⚡ရိပေါ်ကိုဆေးဖြတ်ပေးပြီးနောက်ပိုင်း ရိပေါ်ရှေ့မရောက်မိအောင် ကြိုးစားခဲ့တယ်။
ကိုယ့်စိတ်ကိုယ်ပြန်ဆန်းစစ်ဖို့ လိုတာမလို့
ခန္ဓာကိုယ်ချင်းနှီးနှောမိလို့ တစ်မျိူးခံစားရတာလား၊
အနေနီးသွားလို့များလား ၊
ရက်ပိုင်းလောက်မတွေ့ဖြစ်ရင် စိတ်တွေပုံမှန်ပြန်ဖြစ်သွားမလား။ရက်အတန်ကြာတွေဝေပြီးနောက် ခံစားချက်တွေကိုနားလည်သွားတယ်။
တူတူအိပ်ခဲ့တာကနေ ခံစားချက်တွေပေါက်ဖွားလာခဲ့တာ၊ဆေးဖြတ်ပေးတဲ့ နှစ်ပတ်လုံးလုံး ရိပေါ်ရဲ့အမူအကျင့်လေးတွေကိုမြင်ခဲ့ရတယ်။အားကိုးတကြီးလက်ကိုဆုပ်ကိုင်တာတွေ၊အိပ်ပျော်ခါနီးတိုင်း ထွေးပွေ့ပေးခဲ့တာတွေက ဒီတိုင်းဝတ်ကျေတန်းကျေလုပ်ပေးခဲ့တာမှမဟုတ်ပါပဲ။