°9°

19.5K 1.5K 25
                                    

Unicode

ရှန်းအယ်မှာ မိုးတွေသဲကြီးမဲကြီးရွာချနေတယ်။
ကွင်းပြင်ထဲမှာရွံ့အိုင်တွေတောင် ပေါ်ကုန်ပြီ။ရာသီဥတုကလဲ ဖောက်လွဲဖောက်ပြန်...

ဆိုပေမယ့်လို့ ရိပေါ်ရဲ့ ရာသီဥတုကတော့ကိုကို့အပေါ်မူတည်တယ်။
ကိုကို့ဆီက မျက်စောင်းလေးတောင်မရတဲ့နေ့ တစ်ရက်တာလုံးအုံ့ဆိုင်းနေလို့..
ကိုကိုပြုံးပြသွားတဲ့နေ့ဆို နွေဉီးရာသီလေးလို အရာရာက လှပနေလို့....။

နေ့တိုင်းစက်ချုပ်ခန်းထဲ logoထိုင်တပ်နေရတာပျင်းလာပြီမို့ တခြားအခန်းဘက်သွားကာ စပ်စုလိုက်တယ်။

"ကော ငါ ၅ထည်တပ်ဖို့ ကျန်သေးတယ်၊ တပ်ထားပေး၊ ဟိုဘက်သွားကြည့်လိုက်ဦးမယ်။ "

စက်ချုပ်ခန်းရဲ့ ဘယ်ဘက်မှာ handmadeပစ္စည်းလေးတွေလုပ်တဲ့အခန်းရှိတယ်။
လက်ပတ်လေးတွေ၊ ဆွဲကြိုးလေးတွေ၊ postcardလေးတွေ မျိူးစုံပဲ။

တံခါးခေါက်ကာ ဝင်သွားလိုက်ပြီး သင်ပေးနေတဲ့ဆရာကိုနှုတ်ဆက်လိုက်တယ်။

"၂၀၃၅က ဒီအခန်းမဟုတ်ဘူးမလား.."

"ဟုတ်ကဲ့ ၊ ဟိုလေ ဆရာ ကျွန်တော်ရောဒီမှာသင်လို့ရမလားဟင်.."

"ဟေ ရတာက ရပါတယ်၊ မင်းချုပ်ရမယ့်အထည်တွေ​ေရော ပြည့်ရဲ့လား။ "

"ပြည့်ပါတယ်၊ ကျွန်တော်တစ်ခါတစ်လေမှ လာသင်ပါ့မယ်"

"ကောင်းပြီ၊ လာလေ ဘာသင်ချင်လဲ..."

ရိပေါ် လျှောက်ကြည့်လိုက်ပြီးနောက် ပို့စကတ်လုပ်တာလေးကို စိတ်ဝင်စားသွားတယ်။

"ပို့စကတ်လုပ်တာ သင်ချင်တယ်ဆရာ။ "

"လာထိုင် သား "

ဆရာက ပစ္စည်းအချိူ့ကိုသယ်လာပြီး ရိပေါ်ဘေးဝင်ထိုင်တယ်။

"ပို့စကတ်လုပ်ပြီးရင် ပေးချင်တဲ့သူရှိလား။"

ရိပေါ်ဦးနှောက်ထဲဝင်လာတဲ့ ပထမဆုံးသူက ကိုကိုပဲ..
ကိုကို့ကိုပေးချင်တယ်။

"ရှိတယ် ဆရာ..."

"ဒါဆို သူအကြာင်းစဉ်းစားပြီး သူ့နဲ့လိုက်မယ့်အရောင်တွေရွေးလိုက်"

Love Prison 🚨Where stories live. Discover now