°2°

24.5K 1.6K 26
                                    

Unicode

တိတ်ဆိတ်နေတဲ့ ဆေးရုံခန်းထဲ ကုတင်ပေါ်လှဲလျောင်းနေတဲ့ ကောင်ငယ်လေးတစ်ယောက်နဲ့ ဘေးခုံတွင်ထိုင်နေတဲ့ လူတစ်ယောက်ရှိနေတယ်။

အသက်အန္တာရယ်မရှိတာမို့ အားဆေးသွင်းပြီးတာနဲ့ဆေးရုံဆင်းလို့ရပြီလို့ဆရာဝန်ကပြောသွားတယ်။

"ဟယ်လို ဆောရီး လွိအာ၊စခန်းက ကလေးတစ်ယောက် မတော်တဆဖြစ်သွားလို့...စိတ်မဆိုးနဲ့နော်..."

ဆေးရုံပြတင်းပေါက်နား ဖုန်းပြောနေတဲ့ ရှောင်းကျန့်ကို ရိပေါ်လှမ်းရှိုးလိုက်တယ်။
လက်ကောက်ဝတ်ပေါ်ဓားနဲ့ခြစ်တာလောက်က ရိပေါ်လုပ်နေကျပဲ၊ သွေးကြောနဲ့ မနီးမဝေးနေရာကိုခြစ်ချလိုက်ပြီး မေ့ချင်ယောင်ဆောင်လိုက်ရုံတင်။

သေချာတာတော့ ထိုရှောင်းကျန့်ဆိုတဲ့လူ အထက်ကဖိတာ ခံရတော့မယ်။
ဖုန်းပြောပြီးပြန်လှည့်လာတာမို့ ရိပေါ်မျက်လုံးတွေပြန်မှိတ်လိုက်တယ်။
နောက် တံခါးဖွင့်သံကြားလိုက်ပြီး ခြေသံတွေတစ်ဖန်တိတ်ဆိတ်သွားပြန်တယ်။

ကုတင်ပေါ်ထထိုင်လိုက်ပြီး လက်ဖမိုးပေါ်ကဆေးထိုးအပ်ကိုဆွဲဖြုတ်လိုက်တယ်။
လက်ကောက်ဝတ်မှာတော့ ပတ်တီးအဖွေးသား...

'ခင်ဗျားက ကျုပ်အတွက်အရုပ်ကလေးပဲ ရှောင်းကျန့်၊ကျုပ်ပျော်သလိုကစားမယ်။ '

ဆေးရုံဝတ်စုံကိုချွတ်၍စခန်းကအဝတ်ကိုပြောင်းလဲဝတ်ဆင်လိုက်ပြီး အခန်းပြင်ကိုအခြေအနေလှမ်းကြည့်လိုက်တယ်။

အခန်းထဲကနေထွက်လိုက်ပြီး ဆေးရုံအပြင်ဘင်သို့တရှိန်ထိုးပြေးဖို့ကြံလိုက်စဥ်မှာပင် အင်္ကျီဂုတ်ကိုလှမ်းဆွဲလိုက်တဲ့ လက်တစ်ဖက်..

"Shittttt "

"မဆိုးစမ်းနဲ့ ဟေ့ကောင်၊ "

ရိပေါ် ဘောက်ဆတ်ဆတ်လှည့်ကြည့်လိုက်တယ်။

"စခန်းပြန်မယ်။ "

ဂုတ်ကနေဆွဲခေါ်သွားတဲ့အားကို မရုန်းနိုင်တာမို့ဒရွတ်တိုက်ပဲ ပါသွားရပြန်တယ်။

'မင်း ငယ်ပါသေးတယ် ကောင်လေးရယ်။ '

🔹🔹🔹

Love Prison 🚨Where stories live. Discover now