°16°

16K 1.5K 45
                                    

Unicode

ရိပေါ်ဟာ ပထမဆုံးအနေနဲ့ ကိုကို့အပေါ်စိတ်ဆိုးမိခြင်းပါပဲ။
ဖန်းရှင်းက သူ့ဘေးမှာ လှုပ်စိလှုပ်စိနဲ့အထုတ်တွေသိမ်းနေတယ်။
တိုက်ပိတ်ဒဏ်အပြီး တစ်ပတ်လောက်အကြာမှာတော့ ရိပေါ်တို့အိမ်ကနေ ရိပေါ်တို့ကိုလာထုတ်တာဖြစ်တယ်။

ချုပ်ရက်ပြည့်မှထွက်ဖို့ပြောထားပေးမယ့် လွှတ်ခွင့်မိန့်ကို စခန်းမှူးရှောင်းကျန့်ကိုယ်တိုင်လက်မှတ်ထိုးပေးလိုက်တာ။

"အစ်ကို ကျွန်တော် စခန်းမှူးကိုသွားနှုတ်ဆက်ချင်လို့ "

"ရိပေါ်!!! "

''အော် သွားလေ။ "

ဖန်းရှင်းဆီက အော်သံကို ဂရုမစိုက်ပဲ ရုံးခန်းရှိရာတရှိန်ထိုးပြေးသွားလိုက်တယ်။
တံခါးတောင်မခေါက်တော့ပဲ ဆွဲဖွင့်လိုက်တော့အခန်းထဲမှာ ဒုရဲမှူးနဲ့စကားပြောနေကြတယ်။

"ဒါဆို ငါသွားတော့မယ်။ ရှောင်းကျန့်"

"၂၀၃၅၊ လွှတ်ခွင့်ကျသွားပြီဆို လိမ်လိမ်မာမာနေတော့နော်၊ "

ဒုရဲမှူး ယွီပင်းကို တစ်ချက်ပြုံးပြကာ နှုတ်ဆက်လိုက်တယ်။

ကိုကိုက ဆက်တီခုံမှာ ခြေချိတ်ပြီးထိုင်နေလေရဲ့။

"ကျွန်တော်ချုပ်ရက်မပြည့်သေးပဲ ဘာလို့လွှတ်ခွင့်ချပေးလိုက်တာလဲ "

"အသိုင်းဝိုင်းကြီးက ကလေးတွေကဘယ်တုန်းကမှ ချုပ်ရက်ပြည့်အောင်နေရတယ်မရှိဘူး။ "

"ဒါပေမယ့် ကျွန်တော်ကချုပ်ရက်ပြည့်အောင်နေမယ်ပြောထားပြီးသားလေ။ "

"တစ်ချိူ့ကိစ္စတွေမှာ ကိုယ်လုပ်ချင်တိုင်းလုပ်လို့မရဘူး။အထူးသဖြင့် တစ်ဖက်က YAMAHA လိုကုမ္ပဏီကြီးဖြစ်နေရင်ပေါ့ "

"ရှောင်းကျန့် !!! ခင်များ!!! "

ရိပေါ် ဒေါသထွက်ထွက်နဲ့ ကိုကို့လည်ပင်းကကော်လံစကိုဆွဲဆောင့်မိတယ်။
ကိုကိုက ရိပေါ်ဆံပင်လေးတွေကို ပွတ်ပေးပြီး ကော်လံပေါ်ကလက်တွေကိုဆွဲဖြုတ်တယ်။

"အပြင်ရောက်ရင် လိမ္မာနော်၊ ကျောင်းလဲ ပြန်တက်။
ရိပေါ် အပြင်ရောက်သွားလို့ ကိုကိုတို့ကွဲသွားတာမှ မဟုတ်တာပဲ၊ ဘာတွေ စိတ်ဆိုးနေတုန်း ဟမ်"

Love Prison 🚨Where stories live. Discover now