'ကိုကိုက ကြောင်ချစ်တယ်။ ကျွန်တော်လဲ လိုက်ချစ်ကြည့်မယ်။ ချစ်တတ်ဖို့ သင်နေတုန်း ကြောင်လေးကကိုကိုဖြစ်နေမှရမှာမို့
ပြန်ဆုံရင် ကျွန်တော့်ကြောင်လေးလုပ်ပေးမလား? 'ရင်ခုန်စရာစာတိုတွေက လတိုင်းရဲ့ ၅ရက်နေ့တိုင်းရောက်လာနေကြ။
'စိတ်ကူးတွေကအရွယ်လိုက်ပြောင်းတတ်ကျပေမဲ့ ကျွန်တော့်စိတ်ကူးကတော့ မနက်ခင်းမှာကျွန်တော့်ရင်ခွင်ထဲအိပ်မောကျနေတဲ့ ကိုကို့ကိုမြင်ရဖို့ဘဲဖြစ်တယ်..♥️。'
အမှုကိစ္စကြောင့်ခေါင်းကိုက်နေရတိုင်း အံဆွဲထဲက ပို့စကတ်လေးတွေက သူ့ရဲ့ခေါင်းကိုက်ပျောက်ဆေးလေးပဲဖြစ်တယ်။
'လက်ဖဝါးချင်းယှက်နွယ်ကိုင်တာမျိုး ကိုကိုရင်ခုန်လား?
ကျွန်တော်ကတော့ ကြောင်လေးတစ်ကောင်ရဲ့pawsလို ကိုကို့ခြေချောင်းလေးတွေက ကျွန်တော့်ခြေချောင်းလေးတွေကို ကုတ်နေတာမျိုး ဆော့ချင်တာ ♥️。'လက်ရေးသော့သော့လေးတွေက ရှောင်းကျန့်ရင်ကိုအဆမတန်ခုန်စေတုန်းပဲ။
~•~
အမှုစစ်တစ်ယောက်အနေနဲ့ တာဝန်ကျေအောင်ထမ်းဆောင်းရင်း ကျောင်းသွားတက်နေတဲ့အကောင်ပေါက်စလေးကို စောင့်နေရင်း အသက်တစ်နှစ်ကြီးလာခဲ့ပြီ။
မနှစ်ကမွေးနေ့တုန်းက ရိပေါ်လေးဟာ သက်ရှည်ခေါက်ဆွဲလုပ်ပေးပြီး မွေးနေ့ကိုပြီးပြည့်စုံစေခဲ့ပေမယ့်
ဒီနှစ်မှာတော့ တိုက်ခန်းထဲမှာ ဘီယာတစ်ဗူးနဲ့ ထိုင်နေမိတယ်။ရုံးခန်းထဲကနေ ပြန်သယ်လာတဲ့ ပို့စကတ်တစ်ထပ်ကလဲ သူ့ဘေးမှာ၊ တစ်စောင်ချင်းပြန်ဖတ်ဖို့ လက်ကိုဆန့်ထုတ်လိုက်တယ်။
'ဒီကြိုးကိုချည်ဖို့ ကျွန်တော်အများကြီး လွှတ်ချခဲ့တာမို့ ဘဲကြီး.. ခင်ဗျားကတော့ ကျွန်တော့်လက်ကိုလွှတ်ချလိုက်လို့မရဘူးနော် ♥️。'
လူချင်းသာတွေ့ရင် ဒီစကားကို ဆူပုတ်ပြီးပြောနေမှာမြင်ယောင်သေး။
ဘယ်လိုခက်ခက်ခဲခဲဆုပ်ကိုင်ရတဲ့ လက်လေးမို့လဲ...ဘယ်တော့မှာလွှတ်မချဘူးဆိုတာ ယုံ။'ပျော်ရွှင်မှုကို ရှာဖွေရင်း ခင်ဗျားကိုတွေ့တယ်။ ကျွန်တော်ကအတင်းဆွဲခေါ်ခဲ့သလို ဝင်လာခဲ့တဲ့ကိုကိုကကံကောင်းခြင်းတွေယူလာခဲ့တာ။ကိုကိုက ကျွန်တော့်ရဲ့ Lucky Airdrop ♥️ 。'