°18°

16.2K 1.5K 56
                                    

Unicode

ကျောင်းကနေ ဝင်ခွင့်ကျလာတဲ့အခါမှာတော့ အဖေကသောင်းကျန်းပါတော့တယ်။

"မင်းကိုငါပြောတာ ကုမ္ပဏီမှာဝင်လုပ်ဖို့လေ၊ ဒီလိုအရေးမပါတဲ့ကျောင်းတက်ခိုင်းနေတာမဟုတ်ဘူး"

"ကျွန်တော်က မလုပ်ဘူးလို့ပြောနေလို့လား၊ အသက်၃၀ပြည့်ရင်ဝင်လုပ်မယ်လို့ ပြောပြီးသားလေ "

"ဟေ့ရောင်၊ ၃၀မှဝင်လုပ်လဲ မင်းခုတက်မယ့်ကျောင်းနဲ့ ကုမ္ပဏီနဲ့လမ်းကြောင်းချင်းမတူဘူးကွ!!! "

"ဒါဘာတွေလဲ သိလား "

ရိပေါ်က သူ့Hoodieလက်ရှည်ကို တံတောင်ဆစ်ထိဆွဲတင်ပြလိုက်တယ်။ လက်ကောက်ဝတ်ကဘရိတ်ဓား အမာရွတ်တွေက ရှင်းရှင်းလင်းလင်း ၊

"မင်း!!!!! "

"ကျွန်တော် အဖေနဲ့ စကားမများချင်ဘူး၊ စခန်းမှာ မနည်းဆေးပြတ်အောင်လုပ်ပြီး လူတစ်လုံးသူတစ်လုံးပြန်ဖြစ်လာတာ ကျွန်တော့်ကြိုးစားအားထုတ်မှုကြောင့်ပဲ
အဖေ့အကူအညီတစ်ခုမှမပါဘူး၊ လူတွေ့တောင်မလာတဲ့ အဖေတို့က ကျွန်တော့်လျှောက်မယ့်လမ်းကို ဟိုဟိုဒီဒီရွေးချယ်ပေးရမယ့် အဆင့်မဟုတ်ဘူး။ "

"ဝမ်ရိပေါ်!! "

"အမေရော ဘာထူးလဲ၊ သားအတွက်ဆိုပြီး လုပ်ပေးခဲ့တာဘာရှိလဲ၊အိမ်ထိန်းကပို့ပေးလို့ ထောင်ထဲမှာ လူစာစားခဲ့ရတာ။
ပြောလေ!!! အမေတို့ကဘာကောင်းတာလုပ်ပေးလို့ ကျွန်တော့်ဘဝကို ခြယ်လှယ်ချင်ရတာလဲ !!! "

ရိပေါ်က ခုံပေါ်က ဝင်ခွင့်စာရွက်ကိုကောက်လိုက်ပြီး

"သဘက်ခါကျရင် ကျောင်းက အဆောင်ကိုပြောင်းဖို့လုပ်မယ်၊ ကုန်ကျစရိတ်တွေကို အဖေပေးထားတဲ့ကတ်ထဲကနေပဲသုံးလိုက်မယ်။ "

စာရွက်ကိုကျစ်ကျစ်ပါအောင်ကိုင်ပြီး အပေါ်ထပ်ဆီပဲ တက်လာခဲ့တော့တယ်။

ဘဝမှာပထမဆုံး မိဘတွေကိုပေါက်ကွဲခြင်းပါပဲ။
အင်္ကျီလက်ကိုဆွဲချပြီး ဒဏ်ရာတွေကို ဖုံးလိုက်တယ်။
အသင့်ဆောင်ထားတဲ့ ဘရိတ်ဓားကိုမျက်စိက လှမ်းကြည့်နေမိပြန်တယ်။
ထပ်မလုပ်တော့ဖို့ ဆုံးဖြတ်ထားတာမို့ စိတ်ကိုသေချာပြန်ထိန်းကာ ဘရိတ်ဓားတွေကို အိမ်သာထဲပစ်ထည့်ကာ ရေဆွဲချလိုက်တယ်။

Love Prison 🚨Where stories live. Discover now