Unicode
"၂၀၃၅ စခန်းမှူးကရုံးခန်းထဲ လာခိုင်းတယ်။ "
"ဟုတ်ကဲ့။ "
ဖန်းရှင်းကောနဲ့အတူ အားကစားလုပ်နေတုန်း အစောင့်ရဲတစ်ယောက်ကလာခေါ်တာမို့ ချွေးသုတ်ပြီး ကိုကို့ရုံးခန်းဆီ သုတ်ခြေတင်ရပါတယ်။
"ဒေါက် ဒေါက် "
"ဝင်ခဲ့ပါ၊ "
ရိပေါ်ဝင်သွားတဲ့အခါ Jumpsuitဝတ်ထားတဲ့ကိုကိုက ဆက်တီခုံတွင်ထိုင်နေလေရဲ့။
တီရှပ်နဲ့ဘောင်းဘီကို ရိပေါ်လက်ထဲထည့်ပေးပြီး
"သန့်စင်ခန်းရှိတယ် ဝင်လဲလိုက်။ "
တီရှပ်အမဲနဲ့ဂျင်းဘောင်းဘီက ရိပေါ်နဲ့အံခွင်ဝင်ကျ၊
ဘောင်းဘီဆိုခါးဆိုဒ်ကအစ ကွက်တိ။"ငါနဲ့အပြင်ထွက်မယ် "
"ဟုတ် "
စခန်းက ယုံကြည်ရတဲ့ကလေးအချိူ့ကို လိုအပ်ရင်စခန်းအပြင်ခေါ်ခွင့်ရှိတယ်။ရိပေါ်အရှေ့မှာလဲ အပြင်ခေါ်သွားတဲ့ကလေးတွေရှိပါတယ်။
ခုကလှည့်ကတော့ ရိပေါ်ပေါ့။"စခန်းကနေ ဌာနပြောင်းရမယ့်ဝန်ထမ်းရှိတယ်။
သူ့အတွက် နှုတ်ဆက်ပါတီလုပ်ပေးဖို့ ဝယ်စရာရှိတာဝယ်ရမယ်။ "ရိပေါ်ကတော့ စတီယာရင်ကိုကျွမ်းကျွမ်းကျင်ကျင်လှည့်နေတဲ့ ကိုကို့ကိုပဲ ငေးနေမိတယ်။ အညိုနုရောင်ဝတ်ထားရှောင်းကျန့်ပုံစံက ခန့်ညားသန့်ပြန့်နေရော။
ရှန်းအယ်ကနေ မြို့ထဲထိမောင်းလာကြပြီး စူပါမားကတ်တစ်ခုအရှေ့ ကားပါကင်ထိုးတယ်။
တွန်းလှည်းလေးဆွဲကာ ကိုကို့နောက်က လိုက်လာရပါတယ်။ ရိပေါ်ဘဝမှာတော့ ဒီအလုပ်တွေလုပ်ရတာပထမဆုံးပဲ။ကိုကိုက လိုအပ်တာတွေတစ်ခုပြီးတစ်ခု တွန်းလှည်းထဲ ထည့်တယ်။
နာရီဝက်လောက် ပြဲပြဲစင်အောင်ပတ်ပြီးနောက် ငွေရှင်းကာ ထွက်လာခဲ့ကြတယ်။"ကော်ဖီသောက်မလား ရိပေါ်၊ "
"အမ် "
တကယ်တော့ ရိပေါ်က ကော်ဖီမသောက်၊ ဒါပေမယ့် ကိုကို့ပုံစံက အပြင်မှာအချိန်ကုန်ချင်တဲ့ပုံမို့ ခေါင်းငြိမ့်ပြလိုက်တယ်။