Unicode
အိပ်ရာနိုးလာတဲ့နောက် ဘောင်းဘီတိုကို ကောက်ဝတ်ကာ ကုတင်ဘေးကြမ်းပြင်ပေါ် ထိုင်ချလိုက်တယ်။နာရီလက်တံတွေက ၆နာရီကိုညွှန်ပြနေပြီ။ နေလုံးကြီးကလဲတရိပ်ရိပ်တက်လာနေပြီ။ ကုတင်ပေါ်က ဝတ်လစ်စလစ်နဲ့ကောင်လေးကတော့ နှစ်ခြိုက်စွာအိပ်ပျော်နေတုန်း။
၈နာရီထိုးရင် ရိပေါ်က Campဝင်ဖို့သွားရတော့မည်ဖြစ်သည်။ကုတင်ကိုမှီရင်း ရိပေါ်မျက်နှာလေးကိုကြည့်နေလိုက်တယ်၊ သူတို့အကြာကြီးခွဲနေရတော့မှာ
ရှောင်းကျန့်ကိုယ်ပေါ်မှာ ဘောင်းဘီတိုလေးကလွဲလို့ဘာမှမရှိ၊ ရိပေါ်သောင်းကျန်းသမျှခံပေးထားရတာမို့ တစ်ကိုယ်လုံးကိုင်ရိုက်ထားသလို ညောင်းညာနေပြီ။
မျက်ခွံဖောင်းဖောင်းလေး၊ နှာခေါင်းလုံးလုံးလေး၊ နှုတ်ခမ်းဖူးဖူးလေးက သေချာထုဆစ်ထားတဲ့ ပန်းပုရုပ်ကလေးလိုသိပ်လှတယ်။
စိုက်ကြည့်နေတုန်းမှာပဲ ရိပေါ်က လူးလွန့်ကာနိုးလာလေတယ်။
"နိုးပြီလား "
"ကိုကို ဘာထိုင်လုပ်နေတာလဲ၊ လာ ဖက်ထားပေး"
ရိပေါ်က လက်လေးနှစ်ဖက်ကိုကားပြနေတာမို့ ထသွားလိုက်ပြီးကုတင်စွန်းနားထိုင်ကာ ရိပေါ်ကိုယ်လေးကိုဆွဲဖက်ထားလိုက်တယ်။
"ထတော့ မနက်စာစားပြီးရင် ကျောင်းသွားရမယ်မလား။ "
"ဖက်ထားဦးမှာ၊ "
ရိပေါ်က ဖက်ထားရင်းကနေ သူ့ရင်ဘတ်ကိုလျှာနဲ့တို့ထိတို့ထိလုပ်လာတယ်။
"ယားတယ် မလုပ်နဲ့ "
"လွမ်းနေတော့မှာပဲ၊ ကိုကို့ကိုရော ကိုကိုနဲ့ပတ်သတ်သမျှရော ။ "
ရင်ခွင်ကိုဖက်တွယ်ပြီးပြောနေတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့်မျက်ရည်တွေဝဲတက်လာရတော့တယ်။
"ခဏလေးပါပဲ၊ ပြီးရင် ပြန်တွေ့ကြမှာပဲကို
ထတော့ ရေမိုးချိူး ပြင်ဆင်တော့၊ ကိုကိုမနက်စာပြင်ပေးမယ်။ "ရိပေါ်ကိုယ်လေးကို တွန်းဖယ်ကာ အဝတ်တွေကောက်ဆွဲလို့ အခန်းပြင်ဘက်ထွက်လာခဲ့လိုက်တော့တယ်။