°7°

19.5K 1.6K 99
                                    

Unicode

ခေါင်းကိုတဗြင်းဗြင်းကုတ်လို့ ရိပေါ် လက်မှိုင်ချနေမိတာ။သူကိုယ်တိုင် ဘာဖြစ်နေလဲကို မသိတော့။

သူ ရှောင်းကျန့်အပေါ်ဘယ်လိုခံစားချက်ထားနေတာလဲ။မမြင်ရရင် သတိရတယ်၊ တခြားရဲဝန်ထမ်းတွေနဲ့ရယ်မောနေတဲ့အခါ သူပါပျော်တယ်။

ဆေးဖြတ်ပေးတဲ့အချိန်တွေတုန်းက သူအနားမှာတောက်လျှောက်ရှိပေးခဲ့တာတွေ၊
အကုတ်ခံ၊အကိုက်ခံရတောင် ထွေးပွေ့ပေးခဲ့တာတွေ။
ချိူချိူသာသာအသံလေးတွေကို စွဲလန်းနေမိတာတော့ အမှန်ပဲ။

ရိပေါ်က ဘားတွေမှာလဲ ကောင်လေးတွေိနဲ့အိပ်ဖူးတယ်၊ဒါပေမယ့် တစ်ခါမှတောင် အသားချင်းမထိပဲ စိတ်ဖြေရုံပဲ နေခဲ့တာ၊ ရှောင်းကျန့်ကိုဆို အနမ်းတွေပေးပြီး၊ဖြေလျော့ပေးတာအစ လုပ်ခဲ့တာ။
သူ့ကြောင့်နီရဲလာတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလဲ သဘောကျတာမှ၊

ကိုကိုဆိုတဲ့ အခေါ်အဝေါ်တောင် ခေါ်ခဲ့သေးတာ၊
ဒီတိုင်း စိတ်ပျော်စရာမို့ကစားနေတယ်ပဲထင်ခဲ့ပေမယ့် အဲ့ထက် ပိုနေမိပြီ ထင်ပါတယ်။

ရှောင်းကျန့်က မူးယစ်ဆေးထက် ပိုဆိုးတယ်။

ရိပေါ်ကို ရှောင်းကျန့်က ခပ်တန်းတန်းပဲဆက်ဆံတော့တယ်။
သူ ရိပေါ်ကို စိတ်ဝင်စားနေသလိုမျိူး ရိပေါ်လဲ သူ့အပေါ်ခံစားချက်ရှိတယ်ထင်ခဲ့တာ။
ဟိုလူဆိုးကလေးအတွက် သူက အပျင်းပြေဆော့စရာအဆင့်ပဲ၊

အသက်၃၀အရွယ်မှ ရူးနှမ်းနှမ်းအလုပ်တွေလုပ်နေမိတာပါလား။

လည်ပင်းပေါ်က အမှတ်အရာတွေလဲ တဖြည်းဖြည်းအရောင်မှိန်လာတယ်။
ဆိုပေမယ့်လဲ မင်းအပေါ်သဘောကျခြင်းတွေကတော့ တရိပ်ရိပ်တိုးလာနေတယ်။

"ယွီပင်း ဒီနေ့ ပေကျင်းသွားစရာရှိတယ်ဆို။"

"ဟုတ်တယ်၊ ဟိုတစ်ခေါက် ခိုးမှုအတွက်လေ"

"အေး သွားလေ၊ ကလေးတွေကို ငါကြည့်ထားမယ်။ "

ရိပေါ်နဲ့ဖန်းရှင်းကို ယွီပင်းကတာဝန်ယူပေးထားတာကြာပြီ၊ရိပေါ်နဲ့ ရင်မဆိုင်ချင်သေးတာမို့လို့ ဝေးဝေးရှောင်နေတာလဲပါသည်။

Love Prison 🚨Where stories live. Discover now