Unicode
"ဒီလကုန်ရင်တော့ အစ်ကိုလေးတို့ထွက်လို့ရပါပြီ၊ "
ဖေဖေ့ဘက်ကလွှတ်လိုက်တဲ့ ရှေ့နေက ရိပေါ်တို့ဆီလူတွေ့လာတယ်။
"မထွက်ဘူး၊ ကျုပ်ကတော့ ချုပ်ရက်ပြည့်အောင်နေမှာ "
"ရိပေါ် "
"ကော ထွက်ချင်ထွက်"
"မဟုတ်ဘူးလေ အစ်ကိုလေးရဲ့၊ ဥက္ကဌဝမ်က.."
"အဖေ့ကို ပြန်ပြောလိုက်၊ ဝမ်ရိပေါ်က ငြင်းတယ်လို့ ၊အတင်းအကျပ်လုပ်ရင် ဒီထဲကတစ်ယောက်ယောက်ကို သတ်ပစ်လိုက်မယ်။ "
စားပွဲခုံကို ဝုန်းခနဲမြည်အောင်ရိုက်ချကာ ရိပေါ်က ထသွားတယ်။
"ဦးလေးကိုအဲ့အတိုင်းပဲပြောလိုက်ပါ၊ လွှတ်ခွင့်ကျမှပဲ ထွက်မယ်လို့၊ "
ဖန်းရှင်းလဲ ရှေ့နေကိုပြောဆိုပြီး ရိပေါ်နောက်ပြေးလိုက်ရပြန်ပါတယ်။
"ရိပေါ် ခုနစကားက လျှောက်ပြောတာမလား.."
"ဘာလဲ မထွက်ဖူးဆိုတာလား၊"
"သတ်မယ်ဆိုတာလေ၊ တကယ်မဟုတ်ဘူးမလား"
ရိပေါ်က ဖန်းရှင်းဆီပြေးလာပြီး ကျောပေါ်ခွတက်လိုက်တယ်။
"မလုပ်ပါဘူး၊ ခုန ရှေ့နေကြီး တုန်လှုပ်သွားတာတွေ့မလား "
ဖန်းရှင်းကပြန်တွန်းချကာ..
"ခွေးကောင်လေး ပေါက်တတ်ကရတွေလုပ်ရင် ငါ့လက်နဲ့ မင်းအရင်သေပြီ "
"ဘလာ ဘလာ..လက်မှုအတန်းသွားလိုက်ဦးမယ်၊logoတွေ ကူတပ်ထားပေး.."
ဆံပင်လေးငုတ်စိနဲ့ ပြေးထွက်သွားတဲ့ညီငယ်ကိုကြည့်ပြီး ဖန်းရှင်းမှာသက်ပြင်းသာချရပါတယ်။
ခုတလော လန်ထျန်းယီက ရိပေါ်ကိုရန်စတာ ပိုပိုဆိုးလာသည်။ ဒါကြောင့်မလို့လဲ သူ့မှာစိတ်ပူနေရတာ၊
ရိပေါ် စိတ်သာဆုံးဖြတ်လိုက်ရင် ဟိုကောင်လေးက အရိုးပါပျောက်မှာ..ဒါဆို ရိပေါ်လဲ အပြင်ထွက်နိုင်တော့မှာမဟုတ်။
ရိပေါ်ကတော့ မြင်ကွင်းထဲကပျောက်သွားလေပြီ။ ကွက်ကျော်ရိုက်သွားတဲ့ Logoတွေလဲ တပ်ပေးရဦးမယ်။ ဝမ်ရိပေါ်အစ်ကိုဖြစ်ရတာလဲ မလွယ်ပါဘူး။