Unicode
ရိပေါ်က ရှောင်းကျန့်ကို လိုက်ပိုးပန်းနေသူလေးဖြစ်နေရပါတယ်။အသက်၃၀လူပျိူကြီးက ရည်းစားစကားအပြောခံရပြီးနောက်ပိုင်း ရှက်ရှက်နဲ့မသိချင်ယောင်ဆောင်နေပါသတဲ့။
ရိပေါ်မှာတော့ ရှောင်းကျန့်သတိထားမိအောင်အမျိူးမျိူးကြိုးစားနေရရှာတယ်။
တစ်ခါက ဖန်းရှင်းကိုဆွဲထိုးလိုက်လို့ ညနေပိုင်းတစ်ပိုင်းလုံးမြက်ထိုင်နှုတ်လိုက်ရသေးတယ်။ပါးတစ်ဖက်ယောင်ကိုင်းသွားတဲ့ဖန်းရှင်းကိုတော့ အပြင်ရောက်ရင် ကားတစ်စီးဝယ်ပေးပါ့မယ် ဆိုပြီး
လာဘ်ထိုးထားလိုက်ရတာ။မြက်နှုတ်တုန်းကဆို ကိုကိုကအနားကိုမလာပေမယ့်အဝေးကနေတစ်ညနေခင်းလုံး လှမ်းကြည့်နေတာကို သူသိပါတယ်။ကိုကိုက သူ့အပေါ်စိတ်ရှိတယ်ဆိုတာလဲ သိတယ်။
သူ့ကိုဂရုစိုက်ပေးတာတွေက တခြားကလေးထက်ပိုတယ်ဆိုတာ သိပြီးသားပဲ၊လူပျိူသိုးကြီးက ရှက်လို့မူနေတာ။
ချစ်ခြင်းမေတ္တာတွေအကြောင်း တွေးမိတဲ့အခါ
ကိုကို့မျက်နှာလေးပဲ မြင်ယောင်တယ်။ရိပေါ် ဒီနေရာက ထွက်မသွားချင်တဲ့တစ်ခုတည်းသောအကြောင်းပြချက်က ကိုကိုပဲ။
"အားရီ! ကျွန်တော့်အိမ်က ပို့ပေးတာတွေ ကျန်သေးလား"
"ကျန်သေးတယ် ရိပေါ်လေး "
"ဒါဆို ဒီနေ့မွေးနေ့ရှိတဲ့ ကလေးတွေကိုထည့်ပေးလိုက်နော် အားရီ"
"ဟုတ်ပါပြီရှင်"
ထမင်းစားဆောင်က အဒေါ်ကြီးတွေနဲ့ပါ ရိပေါ်ကအဆင်ပြေအောင်နေတတ်လာတယ်။
ဒီစခန်းကလူတွေက သူ့အတွက်တော့ မိသားစုလိုပဲ၊
ရိပေါ်မျက်နှာမကောင်းတာအစ သတိထားမိပြီး ဂရုစိုက်ပေးတတ်တာ။ အိမ်မှာနေတုန်းကမရခဲ့တဲ့ မေတ္တာတွေက ဒီမှာတော့ဖောဖောသီသီ။"မွေးနေ့ဆိုမှ သတိရတယ်။၅ရက်နေ့ကျ စခန်းမှူးမွေးနေ့နော်။ "
"ဗျာ!! ကိုကို..အဲ စခန်းမှူးရှောင်းကျန့်မွေးနေ့လား"
"ဟုတ်တယ်လေ "
"အားရီ အားရီ!!! အဲ့တာဆိုရင်လေ မွေးနေ့မှာဘာတွေလုပ်တတ်ကြလဲ၊ ကိတ်ပဲခွဲတာလား"