°26° Final

19.7K 1.6K 128
                                    

Unicode

"ဆရာရှောင်းရေ ၊ အခန်းဖော်ကောင်မလေးကဖြောင့်ချက်လာပေးသွားတယ်။ "

"ဘယ်လို??? "

ရှောင်းကျန့်အမြန်ထသွားပြီး စစ်ဆေးမေး​မြန်းအခန်းဘက်ဝင်သွားလိုက်သည်။အထဲမှာ ကောင်မလေးကိုစစ်ဆေးနေတယ်။

"ရုတ်တရက်ကြီး ဘာလို့ဖြောင့်ချက်ပေးတာတဲ့လဲ "

"ရ​ဲတွေအလုပ်ရှုပ်တာ မမြင်ချင်လို့တဲ့ ပြောတာပဲ။ "

ရှောင်းကျန့်မျက်ခုံးတွေပင့်လိုက်တယ်။ ပေါ့သေးသေးတော့မဟုတ်ဖူးပဲ။

အတန်ကြာစစ်ဆေးပြီးတော့ တရားခံမိန်းကလေးကိုခေါ်သွားကြပြီး ရဲမေတစ်ယောက်က ရှောင်းကျန့်လက်ထဲ စာရွက်စာတမ်းအချိူ့လှမ်းပေးတယ်။

"သူပြောသမျှအကုန်မှန်တယ် ဆရာ။ စွဲချက်တင်ပြီးတရားရုံးကို လွှဲပေးဖို့ပဲကျန်တော့တယ်။ "

"ဟုတ်ပြီ သက်သေတွေလဲစုံနေတာပဲ၊ ဆက်လုပ်လိုက်တော့"

"ဟုတ်ကဲ့ ဆရာ "

စစ်ဆေးရေးအခန်းကနေထွက်လာပြီး ရုံးခန်းကိုပဲ ဦးတည်လိုက်တော့တယ်။

"ဟေ့ ဆရာရှောင်း "

"ရိပေါ် အပြောအဆိုဆင်ခြင်လေ "

ရှောင်းကျန့်မှာ ရိပေါ်နားရွက်ကိုလိမ်ဆွဲပြီး ရုံးခန်းထဲတွန်းတိုက်ဆွဲခေါ်လာရတော့တယ်။

"မင်းနော် မင်း "

"ဘာလဲဗျာ လွှတ် အသက်လဲကြီးနေပြီကို နားရွက်ဆွဲတုန်း "

ရှောင်းကျန့်က နီရဲသွားတဲ့ နားရွက်လေးကိုအာငွေ့ပေးလိုက်တဲ့အခါမှာတော့ ရိပေါ်မျက်နှာကမှိုရသွားသလို ပြုံးဖြီးတော့သည်။

"ညနေကျရင် ကျန်းဖန်းရှင်းရဲ့ပြခန်းကိုသွားရအောင်
အမှုတွေနဲ့မအားလို့ မသွားဖူးလုပ်ထားပေမယ့်
ခုအားပြီမလား "

"အင်း သွားမယ်လေ။ "

🔹🔹🔹

ရိပေါ်တို့ရောက်တော့ ပြခန်းကလူရှင်းနေပြီဖြစ်သည်။
အနုပညာဘက်စိတ်ဝင်စားတဲ့ ကိုကိုက ပန်းချီကားတစ်ချပ်စီတိုင်း သေချာလိုက်လေ့လာနေလေရဲ့။
ရိပေါ်ကတော့ ပျင်းတယ် စိတ်မဝင်စား။

Love Prison 🚨Where stories live. Discover now