Unicode
ရိပေါ် ကျောင်းပြန်တက်ပြီဆိုတာနဲ့ ပို့စကတ်လေးတွေြပန်ရောက်လာတော့တယ်။
ရှောင်းကျန့်လဲ ရာထူးမြင့်တဲ့အလျောက်အလုပ်တွေက အဆမတန်ပိုများလာတယ်။အသက်ရှုချိန်မရလောက်အောင် ဇယ်ဆက်သလိုလုပ်နေရတာဖြစ်သည်။
"ဆရာ ဆေးခြောက်ခိုးသွင်းတဲ့အမှုလေ"
"အေး အဲ့တာဘာထူးလဲ "
"ခြေရာခံလို့ရပြီပြောတယ်၊ လိပ်စာပို့ပေးထားတယ်။ "
"လိုက်ကြရအောင်၊ "
"ဆရာ အဲ့တာစုံထောက်တွေ လိုက်မှာလေ၊ ဆရာ!!! "
"စုံထောက်ဟွမ်း တားလို့မပြီးခင်မှာပဲ၊ ရှောင်းကျန့်ကပြေးထွက်သွားပြီဖြစ်တယ်။ "
"ဒီနေရာ သေချာလား "
"ဟုတ် လိပ်စာအရတော့ ဒီဂိုဒေါင်ပဲ ဆရာ "
ကားပေါ်ကနေ အခြေအနေကိုလှမ်းရှိုးနေတာ နှစ်နာရီလောက်ရှိတော့မယ်။ လူအသွားအလာမရှိသေးတာမို့ နည်းနည်းတော့စိတ်ပူစပြုလာသည်။
ပြောလို့ရတာမဟုတ်၊ ဒီဂိုဒေါင်ကိုလိမ်ဆင်ပြထားပြီး တခြားနေရာမှာ နေနေကြတာလဲဖြစ်နိုင်သည်။နောက်နာရီဝက်လောက်ကြာအပြီးမှာတော့ ဂိုဒေါင်ဆီ လူအဝင်အထွက်ရှိလာသည်။ စုံထောက်ဟွမ်းက လူတိုင်းကိုဓာတ်ပုံရိုက်ယူထားပြီး သက်သေဖြစ်လောက်မယ့် အရာတွေကိုစုဆောင်းလို့ ရုံးခန်းဆီပြန်လာခဲ့ကြတယ်။
အမှုပေါင်းမြောက်များစွာကြောင့် ခေါင်းတွေကိုက်ခဲနေတာမို့ ဆိုဖာပေါ်ခေါင်းကိုလှန်ချပြီး အနားယူနေလိုက်သည်။ဒီအချိန်လောက်ဆို ရိပေါ်တို့ သေနတ်ပစ်လေ့ကျင့်ရေးဆင်းနေလောက်ပြီ။
အချိန်တွေက တရွေ့ရွေ့နဲ့ပဲ ကုန်ဆုံးတယ်။ ရိပေါ်ဆီက ပို့စကတ်တွေရောက်လာနေတုန်း။
'Mukaramiကပြောတာ 'ခဏတာဟာ အလျားအနံတိုင်းတာလို့မရတဲ့ စကားစုပဲ။ အနည်းဆုံးတော့ စောင့်နေတဲ့သူအတွက်ပေါ့' တဲ့။
အားနာပေမဲ့ ဒီခဏတာပြီးရင် ကိုကို့ဘေးနားကျွန်တော်က သံသရာတစ်လျှောက်ရှိနေမှာမို့...♥️。'🔹🔹🔹
ရုံးခန်းငယ်လေးထဲ လက်ဖက်ရည်နှစ်ခွက်နဲ့အတူ လူနှစ်ယောက်၊ လေထုက အေးစက်စက်။
YAMAHAရဲ့ ဥက္ကဌက အမှုစစ်ရဲ့ရုံးခန်းဆီအလည်ရောက်နေခဲ့သည်။