Unicode
ရှောင်းကျန့်တစ်ယောက် အထက်ကချပေးတဲ့ အမှုတစ်ခုကို ကိုယ်တိုင်လိုက်နေရတာမို့ အတော်လေးကို အလုပ်ရှုပ်နေရတယ်။စခန်းကိုယွီပင်းနဲ့ထားခဲ့ရပြီး သူကိုယ်တိုင်လှုပ်ရှားနေရတာဖြစ်တယ်။
နိုင်ငံရေးအမတ်ဝင်တွေရဲ့ လာဘ်စားမှုကိုလိုက်နေရတာမို့ သတင်းမပေါက်ကြားအောင်လဲဂရုစိုက်နေရတယ်။
ရိပေါ်စခန်းကလွတ်တဲ့ရက်တုန်းကလဲ သူ့မှာအချိန်မပေးလိုက်နိုင်။
ခုလဲ အမတ်တစ်ယောက်ကို နောက်ယောင်ခံလိုက်ရင်းအချိန်ကုန်နေရပြန်တယ်။စိတ်ရှုပ်ရှုပ်နဲ့ ဆေးလိပ်တစ်လိပ်ကိုဆွဲထုတ်လိုက်တယ်။ မီးခိုးငွေ့တွေထဲ ဂျစ်တူးကိုသတိရနေတဲ့ စိတ်တွေပါသွားရင် ကောင်းမယ်။
ခုတော့ ဘယ်နေရာကြည့်ကြည့် ဂျစ်တူးမျက်နှာပဲမြင်ယောင်နေတာ၊
အတွေးတွေဗျာများနေတုန်း လိုက်နေတဲ့ အမတ်တစ်ယောက်က အပြင်ထွက်လာမို့ ကားထဲဝပ်လိုက်ကြတယ်။
ရှောင်းကျန့်က ကင်မရာနဲ့ လှမ်းရိုက်ပြီးနောက် နေရာကနေတပ်ဆုပ်ခဲ့ကြတယ်။
"စုံထောက်အန်းကို ဒါပေးခဲ့ပြီး ကျွန်တော် ရုံးဆင်းတော့မယ်။ "
"ဟုတ်ကဲ့ အရာရှိရှောင်း၊ ဒီနေ့တာဝန်ကျေပါတယ်။"
ကင်မရာနဲ့ အချက်အလက်တွေကိုလက်လွှဲပေးလိုက်ပြီး ရှောင်းကျန့်ကတော့ အိမ်ပြန်ဖို့ဦးတည်လိုက်တော့တယ်။
အရင်လိုဆိုရင်တော့ ရိပေါ်မျက်နှာလေးမြင်ရအောင် စခန်းကိုပြန်ဖြစ်ဦးမှာ။
ရုံးဆင်းချိန်တွေက အရင်လိုစိတ်ခုန်ဖို့မကောင်းတော့။
တိုက်အောက်မှာ ပါကင်ထိုးပြီးတာနဲ့ ဘေးနားက ၂၄နာရီစတိုးထဲဝင်ကာ စီးကရက်တစ်ဘူးနဲ့ ခေါက်ဆွဲဘူးတွေ ဝယ်လိုက်တယ်။
လျှိူ့ဝှက်နံပါတ်ကိုနှိပ်ပြီးဝင်လိုက်တော့ အေးစက်စက်တိုက်ခန်းက ကြိုဆိုနေတယ်။တစ်ခန်းလုံး မီးတွေပတ်ဖွင့်ပြီး အထုတ်တွေပစ်ချလိုက်တယ်။
စီးကရက်တစ်လိပ်ဆွဲထုတ်လိုက်ပြီး နှုတ်ခမ်းမှာချိတ်တွယ်လိုက်တယ်။ရိပေါ်ရဲ့ အနမ်းတွေကိုလွမ်းလိုက်တာ။