°4°

21.1K 1.7K 58
                                    

Unicode

နေ့လည်အခန်းထဲပြန်ရောက်ကတည်းက စောင်တွေဆွဲဖြန့်ကာ ထိုးအိပ်နေတဲ့ရိပေါ်ကြောင့် ဖန်းရှင်းလဲဘာလုပ်ပေးရမှန်းမသိ။

"ရိပေါ် ရိပေါ် ထတော့လေ ညနေတောင်စောင်းနေပြီ။ "

ထိုအခါမှကျောပေးအိပ်နေတဲ့ ရိပ​ေါ်ထံမှအသံလေးထွက်လာတယ်။

"ငါဗိုက်ဆာတယ်။ "

"အင်း ထလေ၊ပြီးရင် ညနေစာစားချိန်ရောက်ပြီပဲဟာ"

"အဲ့အတန်းမှာ ငါမစားတာတွေချည်းပဲ။ "

ဒေါနဲ့မောနဲ့ ရိပေါ်ကထထိုင်ပြီး ရှုံ့မဲ့မဲ့လုပ်တယ်။

"ငါ မနက်တုန်းက ဖယ်ထားတဲ့ပေါင်မုန့်ရှိတယ်၊ စားမလား "

"အင်း "

ဖန်းရှင်းက ဘီဒိုအကန့်လေးထဲက ပေါင်မုန့်ထုတ်လေးကိုလှမ်းယူရင်း

"စားတာမရှိလဲ စားရမှာပေါ့၊ပေါင်မုန့်က အမြဲရနေမှာလဲမဟုတ်၊ နည်းနည်းပါးပါးသည်းခံစမ်းပါ။ "

ရိပေါ်က ပေါင်မုန့်တွေကိုကိုက်ဝါးရင်းခေါင်းငြိမ့်ပြတယ်။
တကယ်တော့ ရိပေါ်က လိမ္မာရှာပါတယ်။မိဘတွေဆီက ဂရုစိုက်မှုကိုမခံရတော့ ဆိုးပစ်လိုက်တော့တာ။
အမြဲပြသနာရှာ၊ရန်ဖြစ် ရုံးရောက်ဂတ်ရောက် ဖြစ်ရင်
အုပ်ထိန်းသူတွေလိုက်ပေးရတာမို့။အဲ့လိုနည်းလမ်းနဲ့ဖြစ်ဖြစ် မိဘတွေဆီကနေ သူရှိနေသေးကြောင်းအသိမှတ်ပြုတာကို လိုချင်ခဲ့တာ။

"ရိပေါ် ဆေးဖြတ်ပစ်နော်၊ မင်းအတွက်လဲမကောင်းဘူး။ "

"အဲ့တာတော့ မသိဘူး။ "

"စခန်းမှာ ဘယ်လောက်ပဲဖြတ်ပေးပေး မင်းစိတ်ဆုံးဖြတ်မှ ဆေးပြတ်မှာ၊ ဆေးမသုံးပဲ တခြားစိတ်ဝင်စားတာရှာလုပ်လို့ ရတာပဲလေ။ "

"ကျန်းဖန်းရှင်း! တော်သင့်ပြီ၊"

ရိပေါ်က ပေါင်မုန့်ခွံ့ကို ဖန်းရှင်းမျက်နှာထံပစ်ပေါက်လိုက်ပြီး အိပ်ရာခင်းပေါ်ပြန်လှဲချလိုက်တယ်။

"မင်းအတွက် ပြော"

"ငါသိတယ်၊ သိတာမို့ ပါးစပ်လေးပိတ်ထားပေး"

Love Prison 🚨Where stories live. Discover now