"စုံထောက်ဝမ် ရုံးခန်းထဲခဏလာခဲ့ပါ"
အမှုစစ်ကြီးက ရုံးခန်းကနေလှမ်းခေါ်တဲ့အခါ စုံထောက်လေးက ဖိုင်တွဲကောက်ကိုင်ကာ အပြေးလေးသွားရပါတယ်။
ရိပေါ် ဒီမှာအလုပ်ဝင်နေတာ တစ်ပတ်ကျော်ခဲ့ပြီ၊တခြားနယ်ဘက်ကို တာဝန်ကျပေမယ့်လဲ အဖေ့ပါဝါလေးနည်းနည်းသုံးကာ အမှုစစ်ရှောင်းရှိတဲ့နေရာကို ပြောင်းလာခဲ့ရတာ မဟုတ်ပါလား။
"အမှုစစ်ကြီး ခေါ်လိုက်သလားလို့ "
"လူပျောက်တိုင်ထားတဲ့အမှု ဘာဆက်ဖြစ်သွားပြီလဲ"
ရိပေါ်က ဖိုင်တွဲကိုဆက်တီခုံပေါ်ပစ်ချကာ ကိုကို့အလုပ်စားပွဲဆီလျှောက်လာလိုက်တယ်။
"ဘာလဲ "
"အဲ့အမှုက လိုက်တုန်းပဲ၊ ကိုကို ထမင်းသွားစားရအောင် ဗိုက်ဆာနေပြီ "
"မိနစ်၃၀လိုသေးတယ်လေ၊ သွား နေရာပြန်တော့ "
"ကျစ်!!! "
နှုတ်ခမ်းဆူကာ လှည့်ပြန်ဖို့လုပ်တဲ့သူ့ကို ကိုကိုက လှမ်းဆွဲလိုက်ပြီး
မွ
လက်ဖမိုးလေးကို ခပ်ဖွဖွလေးအနမ်းခြွေတယ်။
"ပြီးရင် သွားစားမယ်လေ"
"အင်းပါ ပြီးရော "
အလုပ်စဝင်ကတည်းက ရိပေါ်မှာ ကိုကို့အိမ်ဘက်ခြေဦးမလှည့်နိုင်သေး၊ အဖေ့ကြောင့်ပဲပေါ့။
အိမ်ကနေပဲ ရုံးတက်ရုံးဆင်းလုပ်ခိုင်းနေတာမို့ သူ့ခမျာငြင်းလို့မရ၊လစ်ထွက်လို့မရ။
အဆင်ပြေစပြုလာတဲ့ မိသားစုဆက်ဆံရေးကြောင့်လဲ သူ့မှာ ကလန်ကဆန်မလုပ်ချင်။
ကိုကို့ကိုအကျိူးအကြောင်းသေချာပြောပြီး အတူနေနိုင်ဖို့ ကြိုးစားရပေမည်။"ကိုကို ရုံးဆင်းရင် ကျွန်တော့်အိမ်လိုက်ခဲ့ပါလား"
"အဟွတ် ဟွတ် "
ထမင်းစားပြီး အချိူတည်းနေတဲ့ ကိုကိုကထသီးလေသည်။
"ဘာ ဘာဖြစ်လို့လဲ "
"အဖေတို့နဲ့ စကားပြောဖို့လေ၊ ခုထိ ကိုကို့အိမ်မရောက်ရသေးဘူး "
"အိမ်ကိုရော ကိုကိုနဲ့တွေ့ဖို့ပြောထားပြီးပြီလား "
"ဟင့်အင်း "